Connect with us

Politics, Law & Military

အီရန်သမ္မတ အဖြစ်ပြန်လည်ရွေးကောက်ခံရသည့် ရိုဟာနီ အား တရုတ်သမ္မတ ဂုဏ်ပြုစကားပြောကြား

အီရန်သမ္မတ အဖြစ်ပြန်လည်ရွေးကောက်ခံရသည့် ရိုဟာနီ အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အီရန်နိုင်ငံ၏ လက်ရှိသမ္မတ ဟာဆန် ရိုဟာနီ အနေဖြင့် သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရပြီး ဒုတိယအကြိမ် သမ္မတအဖြစ် လေးနှစ်တာ တာဝန်ထမ်းဆောင်ခွင့်ရရှိသည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ကို မေ ၂၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

သဝဏ်လွှာ၌ ရှီက ရိုဟာနီ ခေါင်းဆောင်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း အီရန်နိုင်ငံသည် လူမှုစီးပွားရေးနယ်ပယ်၌ အောင်မြင်မှုအသစ်များရရှိခဲ့ကြောင်း နှင့် နှစ်နိုင်ငံ ပူးတွဲ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် တရုတ်-အီရန် ဆက်ဆံရေး တွင် ဖွံ့ဖြိုးတိုးတက်မှု အခိုက်အတန့်ကောင်းများကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် သွားရောက်ခဲ့သည့် အီရန်နိုင်ငံ ခရီးစဉ် နှင့် ပတ်သက်၍ ပြန်ပြောင်းပြောဆိုရာ၌ ယင်းခရီးစဉ်အတွင်း ရိုဟာနီ နှင့် ဆွေးနွေးပွဲများကို လေးနက်စွာ ပြုလုပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း နှင့် နှစ်နိုင်ငံသည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို တရားဝင် ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ရှီက တရုတ်-အီရန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပါကြောင်း နှင့် တရုတ်-အီရန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရိုဟာနီ နှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117