Connect with us

Politics, Law & Military

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှား နိုင်ငံ သမ္မတနှင့် ဘရာဇီး နိုင်ငံ သမ္မတ တို့အား ပဲရစ်မြို့တွင် တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်တို့ ပဲရစ်မြို့၌ တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)

ပဲရစ် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၃၀ ရက်တွင် ပြင်သစ် နိုင်ငံ ပဲရစ်မြို့၌ ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် ( Vladimir Putin ) နှင့် ဘရာဇီး နိုင်ငံ သမ္မတ ဒီမာ ရိုးဆက် ( Dilma Rousseff ) တို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှား နိုင်ငံ သမ္မတ ပူတင်နှင့် တွေ့ဆုံ ခဲ့ရာတွင် ရှီကျင့်ဖိန်မှ တရုတ်-ရုရှား နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေးသည် ပိုမို နက်ရှိုင်းစွာ တိုးတက် ဖွံ့ဖြိုးနေပြီး တရုတ် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံနှင့် အတူတကွ နှစ်နိုင်ငံ ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမို တိုးတက် ကောင်းမွန်ရန် ဆောင်ရွက်လိုကြောင်း ၊ လက်ရှိအချိန်တွင် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု အခြေအနေသည် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပွားနေပြီး တရုတ် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ အပါအဝင် အပြည်ပြည်ဆိုင်ရာ နှင့်ပူးပေါင်းကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အပြည်ပြည်ဆိုင်ရာ လူမှု အသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းမှု ရရှိရန်ကို ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီး နိုင်ငံ သမ္မတ ဒီမာ ရိုးဆက်တို့ ပဲရစ်မြို့၌ တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ရုရှား-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ ပြောကြား ခဲ့သည်ကို ထောက်ခံကြောင်း ၊ လက်ရှိကမ္ဘာ့ နိုင်ငံရေး အခြေအနေသည် ပိုမို ရှုပ်ထွေးစွာ ပြောင်းလဲလာပြီး ရုရှား နိုင်ငံအနေဖြင့် တရုတ် နိုင်ငံ နှင့်အတူတကွ အကြမ်းဖက်မှု တိုက်ဖျက်ရေး တွင် ပိုမို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး တွင်လည်း ပိုမို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဘရာဇီး နိုင်ငံ သမ္မတ ရိုးဆက်နှင့် တွေ့ဆုံရာတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ် နိုင်ငံနှင့် ဘရာဇီး နိုင်ငံ တို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံ များဖြစ်ကြပြီး စက်မှု လုပ်ငန်း အသစ် ထွန်းကားလာသော နိုင်ငံများ အုပ်စု (BASIC Group) အရေးပါသော အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အနီးကပ် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ကာ မိမိ နိုင်ငံ၏ အားသာချက်များကို အသုံးပြု၍ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စည်းလုံး ညီညွတ်မှုနှင့် အကျိုး ဖြစ်ထွန်းမှု များကို ကာကွယ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဘရာဇီးနိုင်ငံ သမ္မတ ရိုးဆက်က ဘရာဇီး-တရုတ် နှစ်နိုင်ငံ အရေးပါသော ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်နှင့် အရေးပါသော အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် အနီးကပ် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ် သွားရမည် ဖြစ်ကြောင်း ၊ ဘရာဇီး နိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် တရုတ် နိုင်ငံတွင် ကျင်းပ ပြုလုပ်မည် G-20 ထိပ်သီး အစည်းအဝေးကို ထောက်ခံ အားပေး သွားမည် ဖြစ်ကြောင်း ၊ ဘရာဇီး-တရုတ် နှစ်နိုင်ငံ အနေဖြင့် မိမိနိုင်ငံ သက်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ကာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အကျိုး ဖြစ်ထွန်းစေရန် ဟူသည့် ရည်မှန်းချက်နှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေအား ပိုမို တည်ငြိမ် ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.