Connect with us

Politics, Law & Military

မြန်မာနိုင်ငံရေးအပြောင်းအလဲနောက်ကွယ်တွင် တရုတ်နိုင်ငံက အားပေးမှုပြုနေသည်ဆိုသည့် ပြောကြားချက် မမှန်ကန်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား ဖေဖော်ရီ ၃ ရက် က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၃ ရက် က ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် The Paper သတင်းထောက်က “မြန်မာနိုင်ငံရေး ပြောင်းလဲမှုနောက်ကွယ်မှာ တရုတ်နိုင်ငံက အားပေးသမှုပြုနေပြီး အသံတိတ်ခွင့်ပြုပေးနေခြင်း ဖြစ်နိုင်တယ်ဆိုပြီး သတင်းတွေကြားရပါတယ်။ဒါနဲ့ပတ်သတ်လို့ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမှတ်ချက်ပြုပြောကြားလိုပါသလဲ”ဟု မေးမြန်းခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံး၏ သတင်းများအရ သိရသည်။

ထိုမေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက “သက်ဆိုင်ရာ ပြောဆိုမှုတွေက မှန်ကန်မှုမရှိပါဘူး။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်ပေါင်းစုံက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အတွင်းက ကွဲလွဲမှုတွေကို ကောင်းမွန်သင့်လျော်စွာ ဖြေရှင်းဖို့၊ နိုင်ငံရေးနဲ့လူမှုအသိုက်အဝန်း တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းကာကွယ်ကြဖို့ မျှော်လင့်တယ် ”ဟု ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)

——————————
Chinese Version)
外交部:有关缅甸政局变化背后可能有中方暗中支持的说法不是事实
胞波在线 Today
“外交部发言人办公室”消息,在2月3日外交部例行记者会上,澎湃新闻记者提问:有传闻说,缅甸政局变化的背后可能有中方暗中支持或者默许。中方对这种说法有何评论?
汪文斌:有关说法不是事实。作为缅甸的友好邻邦,我们希望缅甸各方在宪法和法律框架下妥善处理分歧,维护政治和社会稳定。