Connect with us

Politics, Law & Military

(B&R Forum) ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုတစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံက ဆီးရီးယားအား ပိုမို ထောက်ပံ့ပေးသွားမည်

ဆီးရီးယားနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Qi Qianjin (ယာ) နှင့် ဆီးရီးယားနိုင်ငံ စီမံကိန်း နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဋ္ဌာန အကြီးအကဲ Imad Sabouni (ဝဲ) တို့ ဖေဖော်ဝါရီ ၅ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ဒမက်စကက်စ်၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုတစ်စိတ်တစ်ပိုင်းဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု စီမံကိန်းများအား ပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်ရန် ဆီးရီးယားနိုင်ငံအား အထောက်အပံ့များ ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Qi Qianjin က ဆီးရီးယားနိုင်ငံ စီမံကိန်း နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဋ္ဌာန အကြီးအကဲ Imad Sabouni နှင့် တွေ့ဆုံစဉ် ယင်သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အစားအစာ နှင့် အခြား လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များပေးအပ်ရန် စာချွန်လွှာ၂ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအတွင်း Sabouni က ဆီးရီးယားနိုင်ငံ၏ ရည်မှန်းချက်သည် ငြိမ်းချမ်းသော နေရာတစ်ခု ဖြစ်ရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Sabouni က ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု သည် အရေးပါဆုံးသော အစပျိုးမှုများအနက် တစ်ခုဖြစ်ပြီး ဆီးရီးယားနိုင်ငံသို့ တရုတ်နိုင်ငံ၏ စီးပွားရေးအထောက်အပံ့ပေးမှုကို အားဖြည့်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီးက ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု၏ အကျိုးအမြတ်ကို တရုတ်နိုင်ငံတစ်နိုင်ငံတည်း သာမက ပါဝင်သည့် နိုင်ငံအားလုံး ခံစားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် လူအများ ကောင်းကျိုးချမ်းသာခံစားနိုင်စေရန် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုအတွင်း ပါဝင်သော ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ အတွက် လာမည့် ၃နှစ်အတွင်း တရုတ်ယွမ် ၆၀ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၇ဘီလီယံ) တန်ဖိုးရှိ အထောက်အပံ့များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း မေလ ၁၅ ရက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.