ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယခုရက်ပိုင်းများတွင် ထိုင်ဝမ်နှင့်သက်ဆိုင်သော ပြောင်ပြောင်တင်းတင်း ရန်စသည့် ပြောဆိုချက်များကို လူသိရှင်ကြား ဖော်ပြခဲ့ရာ တရုတ်ပြည်မကြီးက ထိုင်ဝမ်ဒေသအပေါ် အင်အားသုံးခြင်းက ဂျပန်နိုင်ငံ၏ “ရပ်တည်ရှင်သန်မှုအပေါ် ခြိမ်းခြောက်မှု ဖြစ်စေသည့် အခြေအနေ” ဖြစ်နိုင်ကြောင်း ကြေညာပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ထိုင်ဝမ်ကို အမေရိကန်လက်နက်ရောင်းချမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရှောင်ကန်းသည် နိုဝင်ဘာ ၁၇ ရက်တွင် သတင်းထောက်မေးမြန်းမှုအား ဖြေကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနှင့် အခြားသော ကဏ္ဍများတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး Asaad Hassan al-Shibani နှင့် နိုဝင်ဘာ ၁၇ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်သည် ၂၄ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင် နိုင်ငံများ၏ အစိုးရအကြီးအကဲများကောင်စီ အစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ ၁၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲ၏ တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဂျာမနီဘက် ဦးဆောင်သူ၊ ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil တို့သည် နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌...
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ အကြီးအကျယ်မှားယွင်းပြီး ရန်လိုသော မှတ်ချက်စကားများ ထွက်ပေါ်လာပြီးနောက် ၎င်းအနေဖြင့် ဂျပန်နိုင်ငံအား ယင်း၏ နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်ဝါဒီ အတိတ်သမိုင်းကို ပြန်လည်အသက်သွင်းမည့်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားမည်လောဟူ၍ နိုင်ငံတကာ၌ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီး Zheenbek Kulubaev ၊ ဥဇဘက်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bakhtiyor Saidov ၊ တာဂျစ်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin တို့၏ ဖိတ်ကြားမှုအရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာ ၁၉ ရက်မှ...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘော Type 076 ဖြစ်သည့် စီချွမ်း သင်္ဘောသည် ၎င်း၏ ပထမဆုံးရေကြောင်းခရီး စမ်းသပ်မှုတာဝန်ပြီးဆုံးပြီးနောက် ရှန်ဟိုင်းမြို့ရှိသင်္ဘော ကျင်းဆိပ်ကမ်းသို့ နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်၌ ပြန်လည်ရောက်ရှိ ကမ်းကပ်ခဲ့သည်ဟု...
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မကြာသေးမီကမှ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ဆာနာအဲ တာကာအိချိသည် လတ်တလောကာလအတွင်း အိမ်နီးချင်းနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် သက်ဆိုင်သော၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုနှင့် သက်ဆိုင်သော အရေးကိစ္စတွင် မဟုတ်မမှန်စကားများ မကြာခဏပြောဆိုခဲ့သည်။