Connect with us

Science & Technology

ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး ဖန်တံတား တရုတ်၌ဖွင့်လှစ်မည်

တရုတ်နိုင်ငံရှိ ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး ဖန်တံတားအား တည်ဆောက်နေစဉ် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲမြို့တွင် တည်ရှိသည့် ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး ဖန်တံတားအား လာရောက်လည်ပတ်သူများအတွက် သြဂုတ် ၂၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း စီမံခန့်ခွဲရေး ကော်မတီက ပြောကြားခဲ့သည်။

အရှည် ၄၃၀မီတာ နှင့် အကျယ် ၆မီတာ ရှိသည့် အဆိုပါ ဖန်တံတားအား အလွှာသုံးလွှာပါရှိသော ဖောက်ထွင်းမြင်နိုင်သည့် မှန်ချပ် ၉၉ချပ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ မြေပြင်မှ မီတာ ၃၀၀ မြင့်မားသည့် ကမ်းပါး နှစ်ဘက်တွင် တွဲလောင်းခိုထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတံတားသည် ၎င်း၏ ဒီဇိုင်း နှင့် တည်ဆောက်မှုပုံစံများကြောင့် ကမ္ဘာ့စံချိန် ၁၀ခုတွင် မှတ်တမ်းဝင် ခဲ့ကြောင်း ကော်မတီ၏ပြောကြားချက်အရသိရသည်။
နေ့စဉ် လာရောက်လည်ပတ်သူ အများဆုံး ၈,၀၀၀ အထိ တံတားပေါ်ဖြတ်သန်းသွားလာရန် ခွင့်ပြုပေးထားပြီး လာရောက်လည်ပတ်လိုပါက တစ်ရက်ကြိုတင် စာရင်းပေးရမည်ဖြစ်သည်။
ဖန်တံတားဆောက်လုပ်ခြင်းအား ၂၀၁၅ ဒီဇင်ဘာလတွင် အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၁၆ ဇူလိုင်လ တွင် ဖန်တံတား၏ ကြံ့ခိုင်မှုကို ပြသသည့်အနေဖြင့် ဖန်တံတားပေါ်တွင် ၂တန်အလေးချိန်ရှိသည့် ကုန်တင်ကားတစ်စီး ဖြတ်သန်းမောင်းနှင်ပြခဲ့ကြောင်း သိရသည်။
ကျန်းကျားကျဲမြို့ ၏ ထူးခြားသည့် တိုင်ပုံသဏ္ဍာန် တောင်များ၏ ဖွဲ့စည်းပုံအား နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား ဖြစ်သည့် “Avatar” တွင် ထည့်သွင်းရိုက်ကူးထားကြောင်း သိရသည်။ ကျန်းကျားကျဲမြို့၏ ကြီးကျယ်ခန်းနားသော နက်ရှိုင်းသည့်တောင်ကြားချိုင့်ဝှမ်းရှုခင်းများ ကြောင့် ၂၀၁၅ခုနှစ်အတွင်း ယင်းမြို့သို့ ပြည်တွင်း၊ပြည်ပမှ လာရောက်လည်ပတ်သူ ၁.၂သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117