Connect with us

Science & Technology

တရုတ်နိုင်ငံ က မိုးလေဝသလေ့လာရေးဂြိုလ်တုသစ်တစ်လုံး လွှတ်တင်

တရုတ်နိုင်ငံက လွှတ်တင်ခဲ့သည့် Fengyun-3D အမည်ရှိ မိုးလေဝသလေ့လာရေးဂြိုလ်တု အားတွေ့ရစဉ် (ဆင်ဟွာ)

ထိုင်ယွမ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် Fengyun-3D အမည်ရှိ မိုးလေဝသလေ့လာရေးဂြိုလ်တုသစ်တစ်လုံး အား တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီပြည်နယ် ထိုင်ယွမ်ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ရက် နံနက် ၂း၃၅နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တုအား Long March-4C ဒုံးပျံဖြင့် အာကာသအတွင်းသို့ သယ်ဆောင်သွားပြီး ဂြိုလ်တုသည် ၎င်း၏ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

Fengyun-3D ဂြိုလ်တုသည် တရုတ်နိုင်ငံ၏ ဝင်ရိုးစွန်းပတ် မိုးလေဝသလေ့လာရေးဂြိုလ်တု ၏ ဒုတိယမျိုးဆက်ဂြိုလ်တုများအနက် တစ်ခု ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ သုံးဖက်မြင်မိုးလေဝသ ပုံရိပ်များကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းဂြိုလ်တုသည် ၂၀၁၃ခုနှစ် စက်တင်ဘာလတွင်လွှတ်တင်ခဲ့သော Fengyun-3C ဂြိုလ်တုနှင့် အတူ ကွန်ရက်တစ်ခုကို ဖြစ်ပေါ်စေပြီး ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု တိုင်းတာခြင်းကို ပိုမိုတိကျစေမည့်အပြင် တရုတ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို အကူအညီပေးနိုင်မည်ဖြစ်သည်။

ယင်းလွှတ်တင်မှုသည် Long March ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံ၏ ၂၅၄ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.