Connect with us

Science & Technology

တရုတ်နိုင်ငံက၂ဝ၃ဝ ခုနှစ် မတိုင်ခင် ကမ္ဘာတစ်ဝန်း ၌ နျူကလီးယား စက်ရုံပေါင်း ၃ဝ ကို တည်ဆောက် ရန်ရည်ရွယ်

နျူကလီးယား စက်ရုံတည်ဆောက်မှု လုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပိုးလမ်းမကြီး စီမံကိန်းနှင့် ဆက်စပ်နေသော ပြည်ပနိုင်ငံများ၌ နျုကလီးယား စက်ရုံပေါင်း ၃ဝ ကို ၂ဝ၃ဝ ခုနှစ် မတိုင်မီ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း တရုတ်အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း (CNNC) ဥက္ကဋ္ဌ က ပြောခဲ့သည်။

CNNC အနေဖြင့် နျူကလီးယား စွမ်းအင် ပူးပေါင်း ထုတ်လုပ်ခြင်း ဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက် များကို အာဂျင်တီးနား၊ ဘရာဇီး၊ အီဂျစ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျော်ဒန် အပါအဝင် အခြားမိတ်ဖက်နိုင်ငံများ နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

နိုင်ငံပေါင်း ၇ဝ ကျော် က ၎င်းတို့ နိုင်ငံများ၏ နျူကလီးယား စွမ်းအင် စီမံကိန်းများကို တိုးတက် ဖွံဖြိုးအောင် ဆောင်ရွက်ရန် အစီအစဉ် ဆွဲလျက်ရှိပြီး ၂ဝ၂ဝ ပြည့် နှစ် အရောက်တွင် နျူကလီးယားစက်ရုံ ၁၃ဝ ခန့် တည်ဆောက်ပြီး ဖြစ်မည်ဟု မျှော်လင့်ထားကြသည်။

CNNC မှ အခြားနိုင်ငံများနှင့် နျူကလီးယား စွမ်းအင် ထုတ်လုပ်ရန် အတွက် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် စိတ်အား ထက်သန်လျက် ရှိသကဲ့သို့ ဒေသတွင်း နည်းပညာများကိုလည်း ပိုမို အဆင့်မြှင့်တင် သွားမည်ဖြစ်ကာ ပိုးလမ်းမကြီး စီမံကိန်းတွင် ပါဝင်သော နိုင်ငံများ ၏ စက်မှု လုပ်ငန်းကဏ္ဍ တိုးမြင့်သွားရန် အတွက်လည်း ကြိုးပမ်းပေးသွားမည်ဟု သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ စွမ်းအင် ဂစ်ဂါဝပ် ၂၈ သန်း ထွက်ရှိသော နျူကလီးယား စက်ရုံပေါင်း ၃ဝ ကျော် လည်ပတ်နေပြီး အခြား နျူကလီးယားစက်ရုံ ၂၄ ခုကို နိုင်ငံအတွင်း ဆောက်လုပ်လျက် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.