Connect with us

Science & Technology

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားဖွင့်လှစ်ပြီးတစ်နှစ်အကြာအထိခရီးသည် ၁၄သန်း ဖြတ်သန်းသွားလာခဲ့

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားအားတွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) 

ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးတံတားအဖြစ်သတ်မှတ်ခံရသည့် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားဖွင့်လှစ်ပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည့်အောက်တိုဘာလ ၂၃ ရကအထိ ခရီးသည်ပေါင်း ၁၄သန်း၊ မော်တော်ယာဉ်ပေါင်း ၁ဒသမ၅ သန်း ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။ 

၂၀၁၈ခုနှစ် အောက်တိုဘာ လ စတင်ဖွင့်သည့်အချိန်ကတည်းက ခရီးသည်အရေအတွက်နှင့်ကားအရေအတွက် အများအပြားတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း တံတားနယ်စပ်ထိန်းချုပ်ရေးမှ He Feng ကပြောသည်။

တရုတ်နွေဦးရာသီပွဲတော်ကာလ ဖေဖော်ဝါရီလ ၇ ရက်တွင် ဖြတ်သန်းသွားလာသူ ၁၁၃,၀၀၀ ဦးအထိ စံချိန်တင်များပြားခဲ့ပြီး နေ့စဉ်ပျမ်းမျှ တံတားကိုဖြတ်သန်းသွားလာသူ ၈၀,၀၀၀ ရှိကြောင်း၎င်းကဆိုသည်။  (Xinhua)