Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် Tianzhou-1 အား လွှတ်တင်တော့မည်

ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် အား ပန်းချီဖြင့် ပုံဖော်ရေးဆွဲထားစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် ဖြစ်သော Tianzhou-1 အား အာကာသအတွင်းသို့ ဧပြီ ၂၀ ရက် မှ ၂၄ရက်ကြား လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့်အာကာသအစီအစဉ်ရုံး၏ ပြောကြားချက်အရ သိရသည်။

ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် Tianzhou-1 အား Long March- 7 Y2 ဂြိုလ်တုသယ်ဆောင်ရေး ဒုံးပျံ နှင့်အတူ စမ်းသပ်စင်တာမှ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ဝမ်ချောင်းမြို့ရှိ ပစ်လွှတ်ရေးဇုန်သို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ဧပြီ ၁၇ ရက်တွင် ရုံးမှထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

ပြောင်းရွှေ့မှု လုပ်ငန်းစဉ် ပြီးဆုံးရန် ၂နာရီခွဲကြာမြင့်ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ ပြောင်းရွှေ့မှု လုပ်ငန်းစဉ် ပြီးဆုံးသွားခြင်းသည် ပစ်လွှတ်ခြင်းအဆင့်သို့ Tianzhou-1 အာကာသယာဉ် ရောက်ရှိလာကြောင်း အချက်ပြမှုပင်ဖြစ်ကြောင်း ပါရှိသည်။

ဖေဖော်ဝါရီလကတည်းက အာကာသယာဉ် နှင့် ဒုံးပျံအား တပ်ဆင်နေစဉ်အတောအတွင်း နည်းပညာရှင်များသည် အမျိုးမျိုးသော စမ်းသပ်မှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပစ်လွှတ်ခြင်းမတိုင်ခင် နောက်လာမည့်နေ့များတွင်လည်း နည်းပညာရှင်များက အာကာသယာဉ် နှင့် ဒုံးပျံအား ဆက်လက်စစ်ဆေးခြင်းနှင့် လောင်စာဆီဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

Tianzhou-1 သည် တရုတ်နိုင်ငံက အခြားအကူအညီမယူဘဲ တည်ဆောက်ခဲ့သည့် ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေး အာကာသယာဉ် ဖြစ်ပြီး ၎င်းသည် အာကာသအတွင်းလှည့်ပတ်နေသော Tiangong-2 အာကာသဓါတ်ခွဲခန်းနှင့် ချိတ်ဆက်ကာ ဂြိုလ်ပတ်လမ်းကြောင်းအတွင်း လောင်စာဆီဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ ကုန်ပစ္စည်းထောက်ပံ့ရေး အာကာသယာဉ်သည် ကမ္ဘာမြေပေါ်သို့ ပြန်လည် မကျရောက်ခင် အာကာသတွင်းစမ်းသပ်မှုများကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.