Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အာကာသယာဉ် ဂြိုဟ်ပတ်လမ်းထဲ ဆုံမှတ်နေရာရောက်ရှိခြင်း နှင့် ချိတ်ဆက်ခြင်း ပထမဆုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့

တရုတ်နိုင်ငံမှ လွှတ်တင်သော လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် Chang’e-5 ၏ ဂြိုဟ်ပတ်လမ်းမှ ကမ္ဘာမြေအပြန်ယာဉ် (orbiter-returner )နှင့်အတူ အလိုအလျှောက် ပေါင်းစည်းထားသည့် ပျံတက်ယာဉ် (Ascender) ၏ ဆုံမှတ်နေရာရောက်ရှိခြင်း နှင့် ချိတ်ဆက်ခြင်း အဆင့်ဆင့် ပုံရိပ်များကို တရုတ်သိပ္ပံပညာရှင်များက ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ အာကာသထိန်းချုပ်ရေးစင်တာရှိ ကွန်ပြူတာမျက်နှာပြင်မှတစ်ဆင့် စောင့်ကြပ်ကြည့်ရှုလေ့လာနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

 

တရုတ်နိုင်ငံမှ လွှတ်တင်သော လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် Chang’e-5 ၏ ပျံတက်ယာဉ်(ascender) သည် ဒီဇင်ဘာ ၅ ရက် ပေကျင်း ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၂ မိနစ်တွင် အလိုလျှောက် ပေါင်းစည်းထားသော ဂြိုဟ်ပတ်လမ်းမှ ကမ္ဘာမြေ အပြန်ယာဉ် (orbiter-returner)  နှင့်အတူ  ဆုံမှတ်နေရာရောက်ရှိခြင်း နှင့် ချိတ်ဆက်ခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အကာကာသစီမံခန့်ခွဲမှု(CNSA) က ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းမှာ တရုတ်အကာသာယာဉ်အတွက် လဂြိုဟ်ပတ်လမ်းတွင် ဆုံမှတ်နေရာရောက်ရှိခြင်း နှင့် ချိတ်ဆက်ခြင်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမျက်နှာပြင်ပေါ်မှ ကောက်ယူစုဆောင်းခဲ့သော နမူနာများကို ပျံတက်ယာဉ်(ascender) မှတစ်ဆင့် ကမ္ဘာမြေအပြန်ယာဉ် (returner) သို့ ပေကျင်းဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၂ မိနစ်တွင် ဘေးကင်းလုံခြုံစွာဖြင့် အောင်မြင်စွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း CNSA က ဆိုသည်။

Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်လွှတ်တင်မှုသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးသမိုင်းတစ်လျှောက် အရှုပ်ထွေးဆုံး နှင့် စိန်ခေါ်မှု အများဆုံး လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၄၀ ကြာကာလအတွင်း ကမ္ဘာမြေမှ လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

#တရုတ်,#လ,#ဂြိုဟ်တု,#အာကာသ #China, #Spacecraft, #lunar, #Orbit, #ဆင်ဟွာ

……………………………..

(English Version)

 

1st time ever! China’s spacecraft completes rendezvous, docking in lunar orbit

 

BEIJING, Dec. 6 (Xinhua) — The ascender of China’s Chang’e-5 probe successfully rendezvoused and docked with the orbiter-returner combination in lunar orbit at 5:42 a.m. (Beijing Time) on Sunday, the China National Space Administration (CNSA) has announced.

This is the first time Chinese spacecraft have carried out rendezvous and docking in lunar orbit.

The samples collected on the moon had been transferred from the ascender to the returner safely by 6:12 a.m., said the CNSA.

Chang’e-5 is one of the most complicated and challenging missions in Chinese aerospace history, as well as the world’s first moon-sample mission in more than 40 years.

(1,2) Screen image captured at Beijing Aerospace Control Center in Beijing, capital of China on Dec. 6, 2020 shows the rendezvous and docking of the ascender of China’s Chang’e-5 probe with the orbiter-returner combination. (Xinhua/Jin Liwang)

(3,4,5,6) Technical personnel monitor the rendezvous and docking of the ascender of China’s Chang’e-5 probe with the orbiter-returner combination at Beijing Aerospace Control Center in Beijing, capital of China, Dec. 6, 2020. (Xinhua/Jin Liwang)