Connect with us

Science & Technology

အဏ္ဏဝါစောင့်ကြည့်လေ့လာရေးဂြိုဟ်တု Haiyang-2D (HY-2D)ကို တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်ခဲ့

ကျိုချွမ်၊ မေ ၁၉ ရက်(ဆင်ဟွာ)

အဏ္ဏဝါစောင့်ကြည့်လေ့လာရေးဂြိုဟ်တု Haiyang-2D (HY-2D)ကို သတ်မှတ်ဂြိုဟ်ပတ်လမ်းရောက်အောင် တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ Long March-4B ဒုံးပျံဖြင့် မေ ၁၉ ရက် ၁၂ နာရီ ၀၃ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ ယခု ဂြိုဟ်တုလွှတ်တင်နိုင်မှုသည် တရုတ်နိုင်ငံ အဏ္ဏဝါပတ်ဝန်းကျင်လေ့လာရေးဂြိုဟ်တု(၃)စင်း ကွန်ရက်ခေတ်ကို လျှောက်လှမ်းခြင်းဖြစ်သည်။
Haiyang-2D (HY-2D)သည် တရုတ်နိုင်ငံ အရပ်သုံး အာကာသ အခြေခံအဆောက်အအုံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က ထောက်ခံအားပေးသည့် စီမံကိန်းဖြစ်ပြီး သဘာဝသယံဇာတဝန်ကြီးဌာနမှ ကြီးမှူး တည်ဆောက်သည့် အဏ္ဏဝါရေးရာလေ့လာရေး ဂြိုဟ်တု ဖြစ်သည်။

တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ အဏ္ဏဝါစောင့်ကြည့်လေ့လာရေးဂြိုဟ်တု Haiyang-2D (HY-2D)အား Long March-4Bဒုံးပျံဖြင့် လွှတ်တင်နေသည်ကို မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့‌ ရောက်ရှိသွားသည့် အဆိုပါဂြိုဟ်တုသည် ယခင်လွှတ်တင်လည်ပတ်နေပြီးဖြစ်သည့် Haiyang-2B (HY-2B)၊ Haiyang-2C (HY-2C)တို့နှင့် ကွန်ရက်ဖွဲ့၍ တရုတ်နိုင်ငံ၏ အဏ္ဏဝါလှုပ်ရှားမှုပတ်ဝန်းကျင် ဂြိုဟ်တုနက္ခတာရာအဖြစ် တည်ဆောက်သွားကာ ရာသီဥတုတိုင်း၊ အချိန်တိုင်း၊ ကမ္ဘာ့အကြီးစားအလတ်စား ပင်လယ်သမုဒ္ဒရာအဏ္ဏဝါလှုပ်ရှားမှုပတ်ဝန်းကျင်ကို ကြိမ်နှုန်းမြင့်မားစွာ စောင့်ကြည့်သည့် စနစ် ဖြစ်တည်စေမည် ဖြစ်သည်။

တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ အဏ္ဏဝါစောင့်ကြည့်လေ့လာရေးဂြိုဟ်တု Haiyang-2D (HY-2D)အား Long March-4Bဒုံးပျံဖြင့် လွှတ်တင်နေသည်ကို မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပင်လယ်သမုဒ္ဒရာသဘာဝကပ်ဘေး ကြိုတင်ထုတ်ပြန်အသိပေးနိုင်ရေး၊ ရေအရင်းအမြစ် ရေရှည်ဖွံ့ဖြိုးအသုံးပြုနိင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းရေး၊ အဏ္ဏဝါသိပ္ပံ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရေးတို့တွင် တိကျသည့် အဏ္ဏဝါလှုပ်ရှားမှုပတ်ဝန်းကျင်အချက်အလက်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Haiyang-2D (HY-2D)နှင့် Long March-4Bဒုံးပျံကို တရုတ်အာကာနည်းပညာအကယ်ဒမီ(CAST)နှင့် ရှန်ဟိုင်း အာကာသနည်းပညာအကယ်ဒမီ(SAST)တို့မှ သုတေသနပြုထုတ်လုပ်ခြင်းဖြစ်သည်။

ယခုအကြိမ်ဂြိုဟ်တုလွှတ်တင်မှုသည် Long March စီးရီး ဂြိုဟ်တုသယ်ဆောင်ဒုံးပျံများ၏ (၃၇၀)ကြိမ်မြောက် လွှတ်တင်မှု ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————————————–
(Chinese Version)

中国成功发射海洋二号D卫星

新华社酒泉5月19日电(李国利、高阳)5月19日12时03分,中国在酒泉卫星发射中心用长征四号乙运载火箭,成功将海洋二号D卫星送入预定轨道,发射任务获得圆满成功,标志中国海洋动力环境卫星迎来三星组网时代。

海洋二号D卫星是国家民用空间基础设施中长期发展规划支持立项,由自然资源部主持建造的海洋业务卫星。卫星入轨后,将与在轨运行的海洋二号B卫星和海洋二号C卫星组网,共同构建中国首个海洋动力环境卫星星座,形成全天候、全天时、高频次全球大中尺度的海洋动力环境监测体系,为中国预警预报海洋灾害、可持续开发和利用海洋资源、有效应对全球气候变化、开展海洋科学研究等提供精准的海洋动力环境信息。

海洋二号D卫星和长征四号乙运载火箭分别由中国航天科技集团有限公司所属中国空间技术研究院、上海航天技术研究院研制。

这次任务是长征系列运载火箭的第370次飞行。(完)

新华社照片,酒泉,2021年5月19日
我国成功发射海洋二号D卫星
5月19日12时03分,我国在酒泉卫星发射中心用长征四号乙运载火箭,成功将海洋二号D卫星送入预定轨道,发射任务获得圆满成功,标志我国海洋动力环境卫星迎来三星组网时代。
新华社发(汪江波 摄)