Connect with us

Social, Education & Health

စားနပ်ရိက္ခာ ဖူလုံရေး တရုတ် အလေးထား ဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ဗဟိုကျေးလက် အလုပ်ရုံ ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

စားနပ်ရိက္ခာ ဘေးကင်း လုံခြုံစေရေး ကတိပြုထားသည့် အရာများအား တရုတ်နိုင်ငံက အသစ် ပြင်ဆင်လိုက် ကြောင်း နှစ်ရက်ကြာ ဗဟို ကျေးလက် အလုပ်ရုံ ဆွေးနွေးပွဲ အပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြ ထားသည်။

“စားနပ်ရိက္ခာ ဖူလုံရေးဟာ စိုက်ပျိုးရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုရဲ့ အခြေခံ အဆင့်ဖြစ်တယ်၊ အဓိက ထုတ်ကုန် တွေကို ထောက်ပံ့ပေးဖို့၊ လယ်ယာမြေတွေကို ကာကွယ်ပေးဖို့နဲ့ ထုတ်ကုန် စွမ်းရည် ထိန်းသိမ်းဖို့ စတာတွေကို အစိုးရက အသေအချာ လုပ်ဆောင်ဖို့ ရှိတယ်” ဟု သတင်း ထုတ်ပြန်ချက်က ဆိုသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးမှု၏ အကျိုးရလဒ်ကို လယ်သမားများ ခံစားရနိုင်စေရန် စိုက်လယ်ဧက ပမာဏ အမြောက် အမြား ချဲ့ထွင်နိုင်သည့် ဦးစားပေး မူဝါဒများအား အစိုးရက ချမှတ်ပေးရန် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဈေးနှုန်းသတ်မှတ်ရေး လုပ်ထုံးလုပ်နည်းနှင့် အရေးပါသော လယ်ယာ ထုတ်ကုန်များအတွက် အစိုးရက ဝယ်ယူခြင်း စသည်တို့ တိုးတက်လာရန် ရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117