Connect with us

Social, Education & Health

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချစ်စွေမြို့၏ ဝါးထုတ်ကုန်လုပ်ငန်းများက တောင်သူများအတွက် ဝင်ငွေထပ်တိုးစေ 

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချစ်စွေမြို့ရှိ ဝါးပင်လယ်အမျိုးသားဥယျာဉ်၏မြင်ကွင်းအား မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ကျိုး၊ မေ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချစ်စွေမြို့သည် ဂေဟစနစ်ဦးစားပေး၊ အစိမ်းရောင်ဖွံ့ဖြိုးရေး၊ အတူတည်ဆောက်အတူမျှဝေသည့်လမ်းစဉ်အတိုင်း ခိုင်မာစွာ လျှောက်လှမ်းဆောင်ရွက်လျက်ရှိရာ တစ်မြို့လုံးတွင် သစ်တော ဖုံးလွှမ်းမှုဧရိယာသည် ၈၀ ရာခိုင်နှုန်းနှင့်အထက်ရှိနေပြီး  ဝါးတောဧရိယာသည် ဧကပေါင်း ၁၃ သိန်းကျော်ရှိကြောင်း သိရသည်။

ထွက်နှုန်းမြင့်ဝါးတော စုစုပေါင်း ဧက ၁၀ သိန်းကျော်စိုက်ပျိုးထားရာတွင် ဝါးပင်စိုက်ပျိုးသော တောင်သူများအတွက် တစ်ဦးလျှင် ပျမ်းမျှ နှစ်စဉ် ထပ်တိုးဝင်ငွေ ယွမ် ၄,၀၀၀ ကျော် ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချစ်စွေမြို့ရှိ ဝါးထုတ်ကုန်လုပ်ငန်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချစ်စွေမြို့ရှိ ဝါးပင်လယ်အမျိုးသားဥယျာဉ်၏မြင်ကွင်းအား မေ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းအထိ  ချစ်စွေမြို့တွင် ဝါးထုတ်ကုန်လုပ်ငန်းပေါင်း ၄၀၀ နီးပါးရှိရာ ဝါးလုပ်ငန်း၏ထုတ်လုပ်မှုတန်ဖိုး ယွမ် ၆.၁၉ဘီလီယံထိ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဝါးထုတ်လုပ်မှုလုပ်ငန်းများမှ ထုတ်လုပ်သော အိမ်ထောင်ပရိဘောဂ၊ ဝါးတူ၊ တုတ်ထိုးဝါး၊ဝါးယင်းလိပ်၊ ဝါးဖျာကြမ်းစသည့်  ကုန်ပစ္စည်းများသည် ဈေးကွက်တွင် လူကြိုက်များရေပန်းစားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117