Connect with us

CHINA

တရုတ်နိုင်ငံ၌ အောက်တိုဘာ ၃၁ ရက်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၂၄ ဦးရှိ၊ ၎င်းတို့အနက် ပြည်တွင်းကူးစက်မှု ၃ ဦးစလုံးသည် ရှင်းကျန်းဒေသမှ ဖြစ်

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ခါရှဂါ၊ စူးဖူခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ် nucleic acid ဆေးစစ်မှုများ ပြုလုပ်ပေးနေသည်ကို အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခု(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အောက်တိုဘာ ၃၁ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ အစီရင်ခံချက်များအရ ကိုဗစ်-၁၉ အသစ်ထပ်တိုး အတည်ပြုလူနာ ၂၄ ဦးရှိပြီး ထပ်တိုးသေဆုံးသူနှင့် ထပ်တိုး သံသယလူနာမရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့ ထပ်တိုးအတည်ပြုလူနာ ၂၄ ဦးအနက် ပြည်ပ ကူးစက်မှု ၂၁ ဦး (ကန်းစုပြည်နယ် ၇ ဦး၊ ရှန်ဟိုင်း ၅ ဦး ၊အတွင်းမွန်ဂိုလီးယားဒေသ ၃ ဦး၊ ကွမ်တုန်းပြည်နယ် ၃ ဦး၊ ဖူကျန့်ပြည်နယ် ၁ ဦး ၊ စီချွမ်းပြည်နယ် ၁ ဦး၊ ဆန်ရှီးပြည်နယ် ၁ ဦး ) ရှိပြီး ပြည်တွင်းကူးစက်မှု ၃ ဦး စလုံးသည် ရှင်းကျန်းဒေသမှ ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက်တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၂၀ ဦး ၊ ကျန်းမာရေးစောင့်ကြည့်မှုမှဖြေလျှော့လိုက်သူ ၆၈၈ ဦးရှိကြောင်းလည်း သိရသည်။ပြင်ပကူးစက်မှုတွင် လက်ရှိ အတည်ပြုလူနာ ၃၀၀ ဦး(ရောဂါပြင်းထန်သူ ၂ ဦး ပါဝင်) ၊ သံသယလူနာ မရှိနှင့် စုစုပေါင်းအတည်ပြုလူနာ ၃,၃၈၀ ဦး၊ စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၃,၀၈၀ ဦး၊ သေဆုံးလူနာမရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ခါရှဂါ၊ စူးဖူခရိုင်တွင်  ကိုရိုနာဗိုင်းရပ်စ် nucleic acid ဆေးစစ်မှုများ ပြုလုပ်ပေးနေသည်ကို အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အောက်တိုဘာ ၃၁ ရက် ၂၄ နာရီအထိ လက်ရှိအတည်ပြုလူနာ ၃၅၉ ဦး (ရောဂါပြင်းထန်သူ ၉ ဦးပါဝင်) ၊ သံသယလူနာ မရှိနှင့် ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း ၈၁,၀၀၄ ဦး ၊ သေဆုံးသူ စုစုပေါင်း ၄,၆၃၄ ဦး၊ စုစုပေါင်း အတည်ပြုလူနာ ၈၅,၉၉၇ ဦး ရှိကြောင်း သိရသည်။ အနီးကပ် ကျန်းမာရေးစောင့်ကြည့်ခဲ့သူ ၈၆၁,၄၀၅ ဦး၊ ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေဆဲရှိသူ ၁၄,၂၄၇ ဦး ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ခါရှဂါ၊ စူးဖူခရိုင်တွင်  ကိုရိုနာဗိုင်းရပ်စ် nucleic acid ဆေးစစ်မှုများ ပြုလုပ်ပေးနေသည်ကို အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထပ်တိုး လက္ခဏာမပြရောဂါကူးစက်ခံရသူ ၆၉ ဦး (ပြည်ပကူးစက်မှု ၈ ဦး)ရှိရာတွင် ပြည်တွင်းကူးစက်မှု ၃ ဦးသည် အတည်ပြုလူနာဖြစ်ခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သော လက္ခဏာမပြကူးစက်သူ ၁၁ ဦး၊ ဆက်လက်စောင့်ကြည့်မှုခံယူနေသူ ၆၆၆ ဦး (ပြည်ပကူးစက်မှု ၄၄၆ ဦးပါဝင်) ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခု(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံစာများအရ သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ် ဒေသမှ ပေးပို့သည့် ကိန်းဂဏန်းများအရ စုစုပေါင်း အတည်ပြုလူနာ ၅,၉၂၄ ဦးရှိရာ ၎င်းတို့အနက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၅,၃၂၃ ဦး (ဆေးရုံဆင်းသူ ၅,၀၈၉ ဦး ၊ သေဆုံးသူ ၁၀၅ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄၆ ဦး (ဆေးရုံဆင်းသူ ၄၆ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၅၅၅ ဦး(ဆေးရုံဆင်းသူ ၅၁၅ ဦး၊ သေဆုံးသူ ၇ ဦး) အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.