Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးအတွင်း ည ၁၀ နာရီမှ မနက် ၄နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး ဆူးလေဘုရားအနီး နှာခေါင်းစည်း ၊ အကာအကွယ်များ တပ်ဆင် သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီလ ၁၈ ရက်နေ့မှစတင်၍ ည(၁၀) နာရီမှ နံနက် (၄) နာရီ အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရန်ကုန်မှာ ညမထွက်ရအမိန့်ထုတ်လိုက်ပါပြီ။ ဒီနေ့ကစပြီး အမိန့်ကစတင် အသက်ဝင်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆင်ဟွာသို့ပြောသည်။

COVID-19 ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားခဲ့ရာ ယနေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရသူ (၉၄) ဦးတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဗိုလ်တထောင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ တာမွေမြို့နယ်၊ မရမ်းကုန်း မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ လှည်းကူးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ် ပုဇွန်တောင်မြို့နယ်၊ တောင်ဒဂုံမြို့ နယ်၊ စုစုပေါင်း (၁၇)မြို့နယ်မှ လူနာများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ‌ေရာဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရာယ်သေဆုံးသည်အထိ ဖြစ်ပွားလျက်ရှိကာ လက်ရှိအချိန်အထိ ၅ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117