Connect with us

MYANMAR

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၄,၀၀၀ ကျော် ပြန်လည်ဖွင့်လှစ်

ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်း၌ ကျောင်းအတွင်းသို့ မဝင်ရောက်မီ ကိုယ်ပူချိန် တိုင်းတာနေမှုအား ဇူလိုင် ၂၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ)

COVID-19  ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၄,၀၀၀ ကျော် ပြန်လှည် ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ယနေ့ပြောကြားခဲ့သည်။

“အထက်တန်းကျောင်းက မနေ့ကထိ လေးထောင်ကျော်ပဲ ဖွင့်သေးတယ်လေ။၄,၁၅၆ ကျောင်းပေါ့။ ဒီနေ့ထပ်ပြီး ၅၀၀ ကျော်လောက် ဖွင့်ဖို့ရှိတယ်။ ဖွင့်ပြီးရင် နောက်နေ့တွေမှာ ထောင်ကျော်တွေ ထပ်ပြီး ဖွင့်ဖို့တွေ ရှိနေပါတယ်။ ကျွန်တော်တို့ ဒီဘက်က Process တွေ အရ သူရဲ့ အဆင့် ၈၀ ပါတဲ့ Checked List တွေနဲ့ ဗဟိုအဆင့်မှာ ပညာရေးနဲ့ ကျန်းမာရေး အဖွဲ့ပေါင်းပြီးတော့ ပြန်ပြီး Check လုပ်နေတယ်။ အဲဒါပြီးရင် ကျောင်း ၇,၀၀၀ ကျော်ကို အမြန်ဆုံး ဖွင့်နိုင်ဖို့ ကြိုးစားပေးမယ်”ဟု  ၎င်းက ပြောကြားခဲ့သည်။

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၇,၁၇၃ ကျောင်း ရှိသည့်အနက် ဇူလိုင် ၂၁ ရက်တွင် အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း ၃,၇၇၂ ကျောင်းကို ဦးစွာ ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါတွင် ထပ်မံဖွင့်လှစ်ခဲ့သည့် ကေအခြေခံပညာ အထက်တန်းအဆင့် ကျောင်းများမှာ စုစုပေါင်း ၄,၁၅၆ ကျောင်း ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းအဆင့် ကျောင်းများအားလုံး ဖွင့်လှစ်ပြီးမှသာ အလယ်တန်း အဆင့် နှင့် မူလတန်း အဆင့် ကျောင်းများအား ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။“နောက်ဆုံး အထက်တန်းကျောင်းတွေ ဖွင့်ပြီးလို့ သုံးပတ်နေတဲ့ အချိန်ကြမှ ကျွန်တော်တို့ စစ်တာဆေးတာတွေ လုပ်ပြီးမှ အခု အလယ်တန်းတွေအတွက်ကတော့ သတ်မှတ်ချက်တွေ ပြည့်မီအောင် အတွက် ကြိုတင်ပြင်ဆင်နေတာပေါ့။”ဟု ၎င်းက ပြောကြားခဲ့သည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး နှင့် ကျန်းမာရေး နှင့် ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အထွေထွေ အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဒေသအာဏာပိုင်များ ၊ အခြေခံပညာ ဦးစီးဌာန ၊ မိဘ ၊ ဆရာ အသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ဆန်းစစ်အကဲဖြတ်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117