Connect with us

MYANMAR

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်အား   COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ပိုမို ထိန်းချုပ်နိုင်ရန် Stay at Home နေထိုင်ရန် ထပ်တိုးထုတ်ပြန်

Stay at Homeသတ်မှတ်ပြီး စစ်တွေမြို့မဈေးအားတွေ့ရစဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များအား ယနေ့(သြဂုတ် ၂၅ ရက်)မှစ၍ Stay at Homeနေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်တိုးထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ  ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များရှိ ပြည်သူများသည် သြဂုတ် ၂၆ ရက် နံနက် (၆)နာရီမှ စ၍ Stay at Home နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 Stay at Homeသတ်မှတ်ပြီး စစ်တွေမြို့မဈေးအားတွေ့ရစဉ်(ဓာတ်ပုံ-MRTV)

ရခိုင်ပြည်နယ် စစ်တွေမြို့ကို သြဂုတ် ၂၀ ရက် ည ၈ နာရီမှစ၍ Stay at Home နေထိုင်ရန်ထုတ်ပြန်ပြီး ၅ ရက်မြောက်နေ့တွင် နောက်ထပ် မြို့နယ် လေးမြို့နယ်ကို ထပ်တိုးကြေညာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၂၄ ရက် ညပိုင်းအထိ COVID-19 ရောဂါ ကူးစက်သူ ၇၉ဦးထိရှိပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်သူ ၄၇၄ဦးရှိကြောင်း သိရသည်။

နေအိမ်တွင်နေထိုင်ရေး(stay at home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် မိမိအိမ်တွင်နေထိုင်ရန်(အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ထမ်းဆောင်သူများမပါ)၊ မဖြစ်မနေဈေးဝယ်လျှင် တစ်အိမ်တစ်ဦးသာ သွားလာရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်လျှင် တစ်အိမ်နှစ်ဦးသာသွားရန်၊နေအိမ်မှ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းများတပ်ဆင်ရန်၊ တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်ရောက်မည့် ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်ဖြတ်သန်းခွင့်ပြုရန်နှင့် ရပ်ကွက်အတွင်း ဈေးဝယ်ထွက်လျှင် ယာဉ်ပေါ် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံ၊ ဆေးခန်းသွားလျှင် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ရန် စသည့် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ်ကိစ္စများ သွားလာရန်၊ မဖြစ်မနေဈေးဝယ်လျှင် တစ်အိမ်တစ်ဦးသာ သွားလာရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်လျှင် တစ်အိမ်နှစ်ဦးသာသွားရန်၊ရပ်ကွက်အတွင်း ဈေးဝယ်ထွက်လျှင် ယာဉ်ပေါ် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံ၊ ဆေးခန်းသွားလျှင် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ရန် စသည့်အချက်လေးချက်တွင် သတ်မှတ်ဦးရေထက်ပိုလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးသို့အကြောင်းကြား သွားလာရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ စည်မျဉ်းများအား လိုက်နာဆောင်ရွက်မှုမရှိလျှင် ကူးစက်ရောဂါကာကွယ်နိုမ်နင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။  ( Xinhua)