Connect with us

MYANMAR

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော် အထောက်အကူပြု ဝန်ထမ်းများအား COVID-19 စစ်ဆေးမှု ပြုလုပ်ရန် ဓာတ်ခွဲနမူနာ ရယူ

လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများအား ဓာတ်ခွဲနမူနာ ရယူခြင်းကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် မေ ၁၃ ရက်က ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MOHS)

နေပြည်တော်၊ မေ ၁၄ ရက်(ဆင်ဟွာ)

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော် အထောက်အကူပြု ဝန်ထမ်းများအား COVID-19 ရောဂါပိုး စစ်ဆေးမှု ပြုလုပ်နိုင်ရန် ကျန်းမာရေး စစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာ ရယူခြင်း လုပ်ငန်း များကို နေပြည်တော်၌ မေ ၁၃ ရက်တွင် စတင် ဆောင်ရွက်လျက်ရှိပြီး လွှတ်တော် ကိုယ်စားလှယ် ၅၀၀ ကျော်အား မေလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် အလှည့်ကျ နံပါတ် စဉ်များဖြင့် ပြုလုပ်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ဆင်ဟွာသို့ဖြေကြားခဲ့သည်။ 

 “လွှတ်တော်ဝန်ထမ်းတွေက အများကြီးရှိပေမယ့် အဓိကက ကိုယ်စားလှယ်တွေနဲ ့ နီးနီးကပ်ကပ် ထိတွေ့ဆောင်ရွက်ရမယ့် ဝန်ထမ်းတွေကိုပဲ ဓာတ်ခွဲ နမူနာယူတာဖြစ်လို့ ပြည်ထောင်စု လွှတ်တော်ရုံးက ၆၅ ဦး၊ ပြည်သူ့လွှတ်တော်ရုံး ၊ အမျိုးသား လွှတ်တော်ရုံး – သုံးရုံး ပေါင်းမှ ၂၀၀ ကျော်ရှိပါတယ်၊ ကိုယ်စားလှယ်တွေက ခွင့်ယူထားတာတွေလည်း ရှိတော့ အားလုံး ၅၀၀ ကျော် စစ်ဖို ့ ရှိပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

 လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများအား ဓာတ်ခွဲနမူနာ ရယူခြင်းကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် မေ ၁၃ ရက်က ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-MOHS) 

လွှတ်တော်ကိုယ်စားလှယ်များက နေပြည်တော်သို့ မေလ ၅ ရက်နှင့် ၁၀ ရက်နေ ့တို့တွင် အသီး သီး ရောက်ရှိကြပြီး နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ စည်ပင် ဧည့်ရိပ်သာရှိ မိမိတို ့ အခန်းမှာပင် room quarantine နေထိုင်ကြကြောင်း၊ ဓာတ်ခွဲ နမူနာ ရယူရမည့် လွှတ်တော် အထောက်အကူပြု ဝန်ထမ်းများအား social distancing ဖြင့် ထားရှိကာ လွှတ်တော်ကိုယ်စား လှယ် များနှင့် လွှတ်တော် အထောက်အကူပြု ဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဓာတ်ခွဲ နမူနာ ရယူမည့် နေရာဖြစ်သော နေပြည်တော် စည်ပင် ဧည့်ရိပ်သာသို့ယမန်နေ့က သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြား ရေးမှူးချုပ်က ပြောခဲ့သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော် အထောက်အကူပြုဝန်ထမ်းများ အား ဓာတ်ခွဲ နမူနာ ရယူသည့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း လုပ်ငန်း စတင်သည့် မေ ၁၃ ရက်က ရောက်ရှိကာ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ကြည့်ရှုပြီး ဆေးပေးခန်း တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ကုသပေးမှုသာမက ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို တွဲဖက် ဆောင်ရွက်ကြရန်နှင့် ရောဂါ အမျိုးအစား အလိုက်၊ ကျား မ အသက်အရွယ်အလိုက် ရောဂါ ဖြစ်ပွားမှုများကို အသုံးချ သုတေသန ပုံစံ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ ဓာတ်ခွဲ နမူနာ ယူသည့် လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ (Xinhua)