Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆ ဦး တွေ့ရှိ ၊ စုစုပေါင်း အတည်ပြုလူနာ ၇၄၉ ဦး ရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) 

COVID-19 ဓာတ်ခွဲနမူနာ ၅၈၀ ခုအား ထပ်မံ စစ်ဆေးရာတွင် အတည်ပြုလူနာသစ် ၁၆ ဦး တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၇၄၉ ဦး ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။  

ယခုထပ်မံတွေ့ရှိခဲ့သော COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆ ဦးမှာ ရခိုင်ပြည်နယ် မင်းပြား ၊ ကျောက်ဖြူ မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် ၊ တာမွေ ၊ တောင်ဒဂုံ ၊ မြောက်ဥက္ကလာ ၊ အင်းစိန် ၊ ရွှေပြည်သာ ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ၊ ကချင်ပြည်နယ် ဗန်းမော် ၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တို့မှ ဖြစ်ပြီး စောင့်ကြည့်လူနာ နှင့် အသွားအလာကန့်သတ်ထားရှိသူများ ဖြစ်ကြောင်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် ဩဂုတ် ၂၉ ရက်အတွက် စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၀၅၄ ခုအား စစ်ဆေးခဲ့ရာတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၉၃ ဦး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်မှုများအရ သိရသည်။ ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၅၁) ဦးရှိကြောင်း ၊ ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.