Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၈,၃၄၄) ဦး နှင့် သေဆုံးသူ ၁၅၀ ဦး ထိရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၈,၃၄၄) ဦးရှိပြီး သေဆုံးသူ ၁၅၀ ဦး ထိရှိလာ ကြောင်း ယနေ့(စက်တင်ဘာ ၂၄ ရက်) ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ နံနက်(၈)နာရီမှ ည(၈)နာရီအတွင်း စုစုပေါင်း နမူနာ  (၂,၄၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၁၇) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၃၈၁) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက် ည (၈:၀၀)နာရီမှ စက်တင်ဘာ ၂၄ ရက် ည( ၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ ၆၁၉၆ ခုအားစစ်ဆေးရာ လူနာသစ် ၁၀၅၂ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းနှင့် ညပိုင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)