Connect with us

MYANMAR

ဧပြီ၂၀ ရက် ဒုတိယသုတ် ဓာတ်ခွဲ နမူနာများစစ်ဆေးချက်အရ COVID-19 ရောဂါပိုးရှိသူ ၂ ဦး ထပ်မံတွေ့ရှိ

နှာခေါင်းစည်းဖြင့် စျေးရောင်းနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီ ၂၀ ရက် (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၂၄၆) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ ပြီး ကျန် (၂၄၄) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ ကြောင်း  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ဧပြီ ၂၀ ရက် ည ၁၁ နာရီ သတင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူနာသစ် (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ဧပြီ ၂၀ ရက် အထိ  COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် စုစုပေါင်း (၈) ဦးရှိကြောင်း၊ကျန် (၄၁၉) ဦး၏ ဓာတ်ခွဲနမူနာများတွင် ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။ဧပြီ ၂၀ ရက် ည (၁၁:၀၀)နာရီ အချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။   (Xinhua)