Connect with us

MYANMAR

ရခိုင်ပြည်နယ် စစ်တွေမြို့ကို မိမိအိမ်တွင် နေထိုင်ခြင်း အဆင့်ဖြင့် မရလျှင် Lockdown ပြုလုပ်မည်

မိမိအိမ်တွင် နေထိုင်ခြင်း အစီစဉ်ပြုလုပ်ပြီးနောက် စစ်တွေမြို့အား တွေ့ရစဉ် (ဓာတ်ပုံ- MRTV)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့ကို မိမိအိမ်တွင် နေထိုင်ခြင်း (Stay at Home) ဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိပါက Lockdown ပြုလုပ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့မနက် နေပြည်တော်၌ ပြုလုပ်သော COVID-19 ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ စစ်တွေမြို့တွင် တစ်ပတ်အတွင်း အတည်ပြုလူနာ (၄၅) ဦးအထိ ရှိလာသဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ယင်းမြို့ရှိ ပြည်သူများအား သြဂုတ် ၂၀ ည ၈ နာရီမှ စတင်ပြီး နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ်လိုက်ကြောင်း၊ ယင်း သတ်မှတ်မှုဖြင့်  ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ခြင်းမရှိလျှင် Lockdown ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

မိမိအိမ်တွင် နေထိုင်ခြင်း အစီစဉ်ပြုလုပ်ပြီးနောက် စစ်တွေမြို့အား တွေ့ရစဉ် (ဓာတ်ပုံ- MRTV)

မိမိအိမ်တွင် နေထိုင်ခြင်း အစီစဉ်ပြုလုပ်ပြီးနောက် စစ်တွေမြို့အား တွေ့ရစဉ် (ဓာတ်ပုံ- MRTV)

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက်လည်း သြဂုတ်လ ၂၁ ရက်နေ့မှစ၍ စစ်တွေမြို့နယ်တွင် နေ့စဉ် ည ၉ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရန် အမိန့် ၂ လ ထုတ်ပြန်ထားသည်။

လက်ရှိ စစ်တွေမြို့တွင် ကျောင်းများ ယာယီပိတ်ခြင်း၊ လွှတ်တော်များ ရပ်နားခြင်း၊ အဝင်အထွက်များ စစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သံသယလူနာများ ဓာတ်ခွဲ စစ်ဆေးခြင်းကို စစ်တွေ၌ပင် စစ်ဆေးနိုင်ရန် ဓာတ်ခွဲ ပညာရှင်များ၊ ဆရာဝန်များ ပို့လွှတ်ခြင်း၊ အသက်ရှုစက်များ ပို့ဆောင်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့သို့ ကယ်ဆယ်ရေး လေယာဉ်များ ပျံသန်းမည် ဖြစ်သော်လည်း ခရီးသည်တင် လေကြောင်းလိုင်းများ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)