Connect with us

VIDEO

ယူနန်ပေါင်စန်းဟိန်ယိအုပ်စုကုမ္ပဏီ က မြန်မာနိုင်ငံအတွက် ၁,၁၈၅ သိန်းကျော်တန်ဖိုး ရှိ N95 နှာခေါင်းစည်းများ ထပ်မံလှူဒါန်း

ရန်ကုန် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က မြန်မာ နိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် ငွေကျပ် ၄,၂၈၉ သိန်းကျော်ခန့် တန်ဖိုးရှိ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းပေးခဲ့ပြီးနောက် တွင် မေ ၂၂ ရက် ၌ ငွေကျပ် ၁,၁၈၅ သိန်းကျော်ခန့် တန်ဖိုး ရှိ N95 နှာခေါင်းစည်း အခုရေ ၂ သောင်း အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် တပ်မတော် ဆေးတပ်ဖွဲ့ ထံသို့ ထပ်မံ လှူဒါန်း ခဲ့သည်။

မေလ ၂၂ ရက် နံနက်ပိုင်း အချိန်တွင် ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထံ သို့ N95 နှာခေါင်းစည်း အခုရေ ၁ သောင်း အား လွှဲပြောင်းပေးအပ် ခဲ့ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကျေးဇူးတင် စကား ပြောကြားရာတွင် ယခုကဲ့သို့ လာရောက်လှူဒါန်းပေးသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ၊ လှူဒါန်းရရှိသည့် ပစ္စည်းများအား ပြည်သူလူထု အတွက် ထိထိရောက်ရောက်ရှိအောင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ကပ်ရောဂါဘေး နှင့် ကြုံတွေ့ချိန်တွင် တက်တက်ကြွကြွ လာရောက် ကူညီလှူဒါန်းပေးသည့် အတွက် တိုင်းဒေသကြီး အစိုးရ အနေဖြင့် အမြဲတမ်း အသိအမှတ်ပြု မှတ်တမ်းတင်ထားမည် ဖြစ်ပြီး ယခုကဲ့သို့ ကပ်ရောဂါ အား ညီညီညွတ်ညွတ် တိုက်ဖျက်နေခြင်း က သမိုင်း မှတ်တိုင်တစ်ခု အဖြစ် ကျန်ရစ်ခဲ့မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ ရန်ကုန် ရုံးခွဲ တာဝန်ခံ ကျိန့်ကျိကျန်း က မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ ယူနန် ပြည်နယ် တို့ က တောတောင်ရေမြေချင်း ထိစပ် နေပြီး မြန်မာ နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွား နေသည် ကို သိရှိရသဖြင့် ကုမ္ပဏီ မှ မြန်မာ နိုင်ငံ အား အတတ်နိုင်ဆုံး ကူညီဆောင်ရွက်မှု ပြုလုပ်ပေးခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု လာရောက်ပြုလုပ် သည့် ကုမ္ပဏီ တစ်ခု အနေဖြင့် ကပ်ရောဂါ ကြောင့် မြန်မာ နိုင်ငံ လူမှုစီးပွား အပေါ် သက်ရောက်မှုများ ဖြစ်နေချိန် တွင် ကပ်ရောဂါ တိုက်ဖျက် နိုင်ရန် အတွက် ဆွေမျိုးပေါက်ဖော် သံယောဇဉ် ဖြင့် ကူညီထောက်ပံ့မှု ပြုလုပ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ပြည်သူလူထု တို့ ကျန်းမာရေး ကောင်းမွန်စေရန် ဆုမွန်ကောင်းတောင်းပေးလိုကြောင်း ဆင်ဟွာ သို့ ပြောကြား ခဲ့သည်။

ထို့ပြင် ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က မေလ ၂၂ ရက် နေ့လယ်ပိုင်း တွင် ရန်ကုန်မြို့ ကုန်းမြင့်သာ ရှိ တပ်မတော် ဆေးတပ်ဖွဲ့ ၃ မဆရ(၆) ရှိ ဗိုလ်ကြီး ဇင်မင်းအောင် ထံ သို့ N95 နှာခေါင်းစည်း အခုရေ ၁ သောင်း အား လွှဲပြောင်းပေးအပ် ခဲ့သည်။

မေလ ၂၂ ရက် ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ သို့ လှူဒါန်းမှု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ တွင် တရုတ် နိုင်ငံ GTIG (Myanmar) Industrial Park Limited နှင့် တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (China Foundation for Poverty Alleviation “CFPA” ) တို့ကလည်း လှူဒါန်းမှု ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကာ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ က အခမ်းအနား အား တက်ရောက် ခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.