Connect with us

VIDEO

COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက် nucleic acid နှင့် ပဋိပစ္စည်း (Antibody) နမူနာများ ကောက်ယူစစ်ဆေး

ဝူဟန့်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကို ပြင်းထန်စွာကြုံတွေ့ခံစားခဲ့ရသည့်မြို့တစ်မြို့ ဖြစ်သည်။ ရောဂါ လက္ခဏာ မပြသော COVID-19 ဖြစ်ရပ်များကို လေ့လာရန် ကူးစက်ရောဂါ ပျံ့ပွား ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ နမူနာကောက်ယူ လေ့လာခြင်းလုပ်ငန်းများကို စတင်ခဲ့သည်။  ဝူဟန့်မြို့ရှိ ဒေသခံများကို ကပ်ရောဂါဆိုင်ရာ နမူနာစုဆောင်းခြင်းများဆောင်ရွက်ခဲ့ရာ ဒေသခံလူပေါင်း ၈၈၀ ခန့်အတွက် nucleic acid စစ်ဆေးခြင်းနှင့် ပဋိပစ္စည်း (Antibody) စစ်ဆေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပေါင်း ၁၁၀၀၀ ကို လေ့လာမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝူဟန့်မြို့ဒေသခံတစ်ဦးဖြစ်သည့် ယွီဟုန်ရှန့် ဆိုသူက “ရောဂါ လက္ခဏာ မပြသော COVID-19 ဖြစ်ရပ်များရှိပါတယ်။ ဒါကြောင့် nucleic acid စစ်ဆေးခြင်း က ကျွန်တော်တို့အတွက်ရော၊ မိသားစုတွေအတွက်ရော၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပါတယ်” ဟုဆိုသည်။

ကူးစက်ရောဂါ ပျံ့ပွား ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ နမူနာကောက်ယူ လေ့လာရေးအဖွဲ့ခေါင်းဆောင် တင်းကန်ချန်း က “ ဒီလို နမူနာစုဆောင်းကောက်ယူခြင်းဟာ COVID-19 ကူးစက်ပျံ့နှံ့မှုကိုပိုမိုနားလည်စေဖို့ တကယ်ကို အရေးကြီးပါတယ်၊ ဒါဟာရောဂါ လက္ခဏာ မပြသော COVID-19 ဖြစ်ရပ်တွေတင်မကဘဲပြည်သူများရဲ့ ကျန်းမာရေးအတွက်လုပ်ဆောင်တာလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့ အနေနဲ့ တရုတ်နိုင်ငံ တစ်ဝန်းရှိ ပြည်နယ်များနှင့် မြူနီစီပယ်ဒေသများတွင်လည်း နမူနာများကိုကောက်ယူခဲ့ပါတယ်၊ ဒီနမူနာတွေကိုကောက်ယူပြီးတာနဲ့ ကျွန်တော်တို့ စမ်းသပ်မှုတွေချက်ချင်းလုပ်ပါမယ်၊ ပြီးတာနဲ့ စနစ်တကျလေ့လာဆန်းစစ်မှုများကိုလုပ်ပါမယ်၊ ပြီးတာနဲ့ ရလဒ်တွေအပေါ်မူတည်ပြီး ကာကွယ်ရေးတွေနဲ့ထိန်းချုပ်ရေးဗျူဟာတွေကို ထုတ်ပြန်နိုင်မှာပါ” ဟုပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.