Connect with us

WORLD

အရှေ့အလယ်ပိုင်း ဒေသ ရှိ နိုင်ငံအများအပြား ၌ COVID-19 ရောဂါ ကူးစက်ခံရမှု မြင့်တက် လာသည့် အခြေအနေ သို့ ရောက်ရှိလာ

အီရတ် နိုင်ငံ တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ နှာခေါင်းစည်းတပ်၍ တာဝန်ထမ်းဆောင်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရာမာလာ ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်း ဒေသ ရှိ နိုင်ငံအများအပြား ၌ COVID-19 ရောဂါ ကူးစက်ခံရမှု မြင့်တက်လာ ခဲ့ပြီး ပြန်လည်လျော့ကျလာမည့် အလားအလာ မတွေ့ရှိရသေးကြောင်း ဆင်ဟွာ သတင်းဌာန ၏ အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံ အသီးသီး ဌာနခွဲများ မှ စုစည်း ရရှိသည့် အချက်အလက်များ အရ သိရှိရသည်။

အီရတ် နိုင်ငံ ၌ အစ်ပွဲတော် ကျင်းပ ပြုလုပ်ပြီး နောက်ပိုင်း တွင် ကပ်ရောဂါ ပြန့်ပွားမှု အခြေအနေ က ပိုမို ဆိုးရွားလာခဲ့ပြီး နေ့စဉ် ရောဂါ ထပ်မံ ကူးစက်ခံရသူ က အဆက်မပြတ် မြင့်တက်လာခဲ့သည်။  အီရတ် နိုင်ငံ တွင် သြဂုတ် ၁၄ ရက် တွင် COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၄,၀၁၃ ဦး ရှိပြီး တစ်နေ့ အတွင်း ရောဂါ ကူးစက်မှု အများဆုံး ဖြစ်ပွား ခဲ့သည့် နေ့ဖြစ်ကြောင်း ၊ အီရတ် နိုင်ငံ တွင် သြဂုတ် ၁၄ ရက် အထိ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၆၈,၂၉၀ ဦး အထိ ရောက်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅,၇၀၉ ဦး အထိ ရောက်ရှိလာကာ လူပေါင်း ၁၂၀,၁၂၉ ဦး ရောဂါ မှ ပြန်လည် သက်သာလာခဲ့ကြောင်း အီရတ် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။အီရတ် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Hazem Al-Jumaili က သြဂုတ် ၁၄ ရက် ၌ တစ်နေ့ အတွင်း ထပ်မံကူးစက်ခံရသူ ဤမျှများပြားခြင်း သည် သတိပေးချက် ခေါင်းလောင်းတီးလိုက်ခြင်း ဖြစ်ပြီး ပြည်သူလူထု တို့ က COVID-19 ရောဂါ ၏ ပြင်းထန်မှု ကို သိရှိရမည် ဖြစ်ကာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက် ကို လိုက်နာခြင်း သည် ရောဂါ ကူးစက်မှု ကို လျှော့ချရန် အရေးကြီးဆုံး အချက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစ္စရေး နိုင်ငံ တွင် လူစုလူဝေး ပြုလုပ်နိုင်သည့် အရေအတွက် နှင့် ပတ်သက်၍ ကန့်သတ်ချက် ပြုလုပ်ခဲ့ပြီး ကွင်းပြင် တွင် အများဆုံး လူပေါင်း ၃၀ သာ စုဝေးခွင့် ပြုကြောင်း ၊ ၈၀ စတုရန်းမီတာ အောက်ရှိ အခန်းတွင် အများဆုံး လူ ၁၀ ဦးသာ စုဝေးခွင့်ရှိကြောင်း ၊ ၈၀ စတုရန်း မီတာ အထက်ရှိ အခန်းများတွင်လည်း အများဆုံး လူ ၂၀ ဦးသာ စုဝေးခွင့်ရှိကြောင်း အစ္စရေး နိုင်ငံ အစိုးရ က သြဂုတ် ၁၄ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။ အစ္စရေး နိုင်ငံ တွင် သြဂုတ် ၁၄ ရက် ၌ လူပေါင်း ၁,၂၅၈ ဦး COVID-19 ရောဂါ ထပ်မံ ကူးစက်ခံခဲ့ရပြီး စုစုပေါင်း ၉၁,၀၈၀ ဦး အထိ ရောက်ရှိလာကြောင်း ၊ COVID-19 ရောဂါ ကြောင့် သေဆုံးသူ စုစုပေါင်း ၆၆၅ ဦး အထိ ရောက်ရှိလာခဲ့ပြီး ရောဂါ မှ ပြန်လည် သက်သာလာသူ ၆၆,၉၆၅ ဦး ရှိကြောင်း အစ္စရေး နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

အီရန် နိုင်ငံ တွင် သြဂုတ် ၁၄ ရက် ၌ လူပေါင်း ၂,၅၀၁ ဦး COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရ ပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၃၈,၈၂၅ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၉,၃၃၁ ဦး အထိ ရောက်ရှိလာခဲ့ပြီး ရောဂါ ပြန်လည်သက်သာလာသူ ၂၉၃,၈၁၁ ဦးရှိကာ လူပေါင်း ၃,၉၅၆ ဦး က ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရကြောင်း အီရန် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံ တွင် သြဂုတ် ၁၄ ရက် ၌ လူပေါင်း ၁,၃၈၃ ဦး COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရ ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၉၅,၉၀၂ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးသူ ၃,၃၃၈ ဦး အထိ ရောက်ရှိလာခဲ့ပြီး ရောဂါ ပြန်လည်သက်သာလာသူ ၂၆၂,၉၅၉ ဦးရှိကြောင်း ၊ လက်ရှိချိန်တွင် လူပေါင်း ၂၉,၆၀၅ ဦး က ရောဂါ ဝေဒနာ ခံစားနေရပြီး လူပေါင်း ၁,၇၈၂ ဦး က ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရကြောင်း ဆော်ဒီအာရေဗျ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

တူရကီ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး က သြဂုတ် ၁၄ ရက် ၌ လူမှုကွန်ယက် စာမျက်နှာ တွင် တူရကီ နိုင်ငံ အနေဖြင့် သြဂုတ် ၁၄ ရက် ၌ COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁,၂၂၆ ဦး တိုးမြင့် ခဲ့ပြီး စုစုပေါင်း ၂၄၈,၈၆၁ ဦး အထိ ရောက်ရှိလာ ခဲ့ကြောင်း ၊ ရောဂါ ပြန်လည် သက်သာလာသူ ၂၂၈,၉၈၀ ဦး ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅,၉၃၄ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်း ဒေသရှိ အခြား နိုင်ငံ များအနေဖြင့် သြဂုတ် ၁၄ ရက် အထိ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း အရေအတွက် မှာ ကာတာ တွင် ၁၁၄,၅၃၂ ဦး ၊ အီဂျစ် တွင် ၉၆,၂၂၀ ဦး ၊ အိုမန် တွင် ၈၂,၇၄၃ ဦး ၊ ကူဝိတ် တွင် ၇၅,၁၈၅ ဦး ၊ ယူအေအီး တွင် ၆၃,၈၁၉ ဦး ၊ ဘာရိန်း  တွင် ၄၆,၀၅၂ ဦး ၊ မော်ရိုကို  တွင် ၃၉,၂၄၁ ဦး ၊ အယ်လ်ဂျီးရီးယား တွင် ၃၇,၆၆၄ ဦး နှင့် ပါလက်စတိုင်း တွင် ၂၁,၀၅၆ ဦး ၊ ဆူဒန် တွင် ၁၂,၁၆၂ ဦး နှင့် လက်ဘနွန် တွင် ၈,၀၄၅ ဦး တို့ ဖြစ်ကြကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.