Connect with us

Education & Health

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အချိန်စာရင်းထုတ်ပြန်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၂၀၂၂ ခုနှစ် မတ် ၃၁ ရက် (ကြာသာပတေးနေ့ ) နံနက် ၉နာရီ မှ စတင်ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မတ် ၃၁ ရက် နံနက် ၉နာရီ မှ ၁၂ ရီအထိ မြန်မာစာ၊ဧပြီ ၁ ရက်နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ သင်္ချာ၊ ဧပြီ ၄ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ ဓာတုဗေဒ၊ ဧပြီ ၅ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ ရူပဗေဒ၊ ဧပြီ ၆ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ ဇီဝဗေဒ/ဘောဂဗေဒ၊ ဧပြီ ၇ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ ပထဝီဝင်၊ ဧပြီ ၈ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ သမိုင်း၊ ဧပြီ ၉ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ စိတ်ကြိုက်မြန်မာစာ တို့အား ဖြေဆိုရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)