Connect with us

Agriculture

စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ အတွက် မျိုးစေ့ကဏ္ဍဆိုင်ရာ မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရေး အားဆောင်ရွက်လျက်ရှိ

လယ်ထွန်နေသည့် တောင်သူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ အတွက် မျိုးစေ့ကွန်ယက်စနစ် (Seed Networking System) အတွက် မျိုးစေ့ကဏ္ဍဆိုင်ရာ မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရေး အား ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာကို ဇွန် ၅ ရက်တွင်ပြောသည်။ 

ဒေါက်တာရဲတင့်ထွန်းက “မျိုးစေ့ကဏ္ဍဆိုင်ရာ မိုဘိုင်းဝန်ဆောင်မှု” ဆိုတာက Seed Networking (မျိုးစေ့ဆိုင်ရာကွန်ယက်) ထူထောင်ပြီး မျိုးစေ့ထုတ်အဖွဲ့အစည်းတွေ၊ အသင်းတွေအလိုက် ထုတ်လုပ်မှုပမာဏ၊ ဈေးနှုန်း၊ အချက်အလက်တွေ ကို ကွန်ယက်ပေါ်မှာ ဖော်ပြပြီး ဝယ်ယူစိုက်ပျိုးလိုသူတွေ ကလည်း အဲ့ဒီ့ကွန်ယက် ကိုချိတ်ဆက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။အဲ့ဒီ့ သတင်းအချက်အလက်တွေကို မိုဘိုင်းဖုန်းတွေက တစ်ဆင့် ဝင်ရောက်ကြည့်ရှုဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။” ဟုပြောသည်။

အဆိုပါ အက်ပလီကေးရှင်းအား လက်ရှိတွင်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာပညာရှင်များ ထံမှ အကြံဉာဏ်များ အား အွန်လိုင်းမှ တစ်ဆင့် ရယူ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

“တောင်သူတွေမှာ မျိုးစေ့နဲ့ ပတ်သက်လို့ နည်းပညာအခက်အခဲ ရှိရင်၊ တစ်ခြားအခက်အခဲရှိတယ်ဆိုရင် ဒီ အက်ပလီကေးရှင်းကမေးရင် သက်ဆိုင်ရာ အဖွဲ့တွေ အဲ့ဒီ့ကနေပဲ တစ်ခါတည်း ဖြေရှင်းဆောင်ရွက်ပေးတာတွေ၊ အကြံပြုတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် COVID-19 ရောဂါ ဖြစ်ပွားချိန်  မြန်မာ့မျိုးစေ့ကဏ္ဍအပေါ်သက်ရောက်မှုများ၊ အဟန့် အတားများနှင့် စိန်ခေါ်မှုများအား တုံ့ပြန် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မျိုးစေ့ကဏ္ဍဆိုင်ရာ မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရေး၊ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မျိုးစေ့ထုတ်လုပ်မှု နှင့် မျိုးစေ့ဝယ်လိုအား အခြေအနေများ၊ မျိုးစေ့လုပ်ငန်းစဉ် တလျှောက် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများ နှင့်ပတ်သက်၍ COVID 19 Seed Action Agenda များ ဆက်လက်ရေးဆွဲ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သိရသည်။  (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117