Connect with us

Agriculture

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စပါးဝယ်ယူနိုင်ရေးအတွက် ကျပ် ၁၃ ဘီလီယံ လျာထား

ရိတ်သိမ်းပြီးသော စပါးစေ့များအား နေလှန်း၍ အခြောက်ခံနေသောလယ်သူမတစ်ဉီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စပါးဝယ်ယူနိုင်ရေးအတွက် ကျပ် ၁၃ ဘီလီယံ လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ စပါးဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်းရှိ မြို့နယ်ပေါင်း ၂၈ ခုကို ရွေးချယ်ထား ပြီး လက်ရှိ စပါးဝယ်ယူနိုင်ရေးအတွက် တင်ဒါစနစ်ခေါ်ယူမှုများ လုပ်ဆောင်ထားကြောင်းသိရသည်။

ထို့ပြင် တိုင်းဒေသကြီး ဆန်စပါး ဝယ်ယူရေးအဖွဲ့များကလည်း မိမိတို့ ဒေသအလိုက် ဆောင်ရွက်သွားမည့် ဝယ်ယူရေးစီမံချက်နှင့်အညီ စီမံချက်များ ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ၊ အကြံပြုလိုသည့် အချက်အလက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် မိုးစပါး ရာသီ၌ စပါးစိုက်ဧကပေါင်း ၁၅ သန်းခန့်တွင် တင်းရေသန်း ၉၈၀ မှ ၁၀၀၀ ကြား ထွက်ရှိနိုင်ပြီး အခြေခံရည်ညွှန်း စပါးဈေး တစ်တင်းလျှင် ကျပ် ၅,၀၀၀ ကို မိုးစပါးထွက်ရှိမှုတို့ကို တွက်ချက်ပါက ကျပ် ၅,၀၀၀ ဘီလီယံခန့် ငွေကြေးရှိကြောင်းသိရသည်။

လက်ရှိတွင် စပါးဈေးကွက်အတွင်း ပြည်၊ ပုသိမ်၊ ပဲခူး၊ ရွှေဘို နှင့် စစ်တွေ မြို့နယ်တို့ရှိ ဧည့်မထအုပ်စုဝင် စပါး တစ် တင်း၏ အနိမ့်ဆုံး ဈေးနှုန်းမှာ ကျပ် ၄,၄၀၀ မှ အမြင့်ဆုံးဈေးနှုန်း ၅,၀၀၀ ကျပ် ရှိနေကြောင်း နေပြည်တော်၊ ရန်ကုန် (ဝါးတန်း)၊ မန္တလေး၊ မော်လမြိုင်၊ လွိုင်ကော်၊ မြိတ်နှင့် ဘားအံမြို့နယ်တို့တွင် အနိမ့်ဆုံး ဈေးနှုန်းတစ်တင်းလျှင် ကျပ် ၅,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ်ကြား ရှိနေကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117