Connect with us

Agriculture

စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မိုးစပါးဧက (၁၈) သိန်းကျော် စိုက်ပျိုးရန် လျာထား

မိုးစပါး စိုက်ပျိုးနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

စစ်ကိုင်း တိုင်းဒေသကြီးတွင် ဆန်ဖူလုံစွာ စားသုံးနိုင်ရန်နှင့် ပိုလျှံသော စပါးများကို တင်ပို့ ရောင်းချနိုင်ရေး အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မိုးစပါးဧက (၁,၈၄၈,၆၆ဝ)ကို ခရိုင် (၁ဝ) ခု တို့တွင် စိုက်ပျိုးနိုင်ရေး လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုးစပါး ဧက (၁,၇၈၆,၂၇၇) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများမှ စိုက်ပျိုးနည်းပညာ၊ စိုက်ပျိုးစရိတ်များ အချိန်မီရရှိရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီအတွက် စစ်ကိုင်း တိုင်းဒေသကြီးတွင်းရှိ စစ်ကိုင်းခရိုင်တွင် (၅၁,၇ဝဝ) ဧက၊ မုံရွာခရိုင်တွင် (၁၁၇,၇ဝဝ) ဧက၊ ယင်းမာပင်ခရိုင်တွင်(၁၂၃,၂၅၅) ဧက၊ ရွှေဘိုခရိုင်တွင် (၆၈၆,ဝ၃ဝ) ဧက၊ကန့်ဘလူခရိုင်တွင် (၁၇၈,၅ဝ၅)ဧက၊ ကသာခရိုင်တွင် (၃၅၈,၅ဝဝ) ဧက၊ ကလေး ခရိုင်တွင် (၁၅၃,၉ဝဝ) ဧက၊ မော်လိုက်ခရိုင် (၆၇,၈ဝဝ) ဧက၊ တမူးခရိုင်တွင် (၄၈,၅၁ဝ) ဧက၊ ခန္တီးခရိုင်တွင် (၆၂,၇၆ဝ) ဧက၊ စုစုပေါင်း (၁,၈၄၈,၆၆ဝ) ဧက စိုက်ပျိုးနိုင်ရေး လျာထားလျက်ရှိရာ ယနေ့အထိ ရွှေဘိုခရိုင် အတွင်း (၁,၃၂၇) ဧက၊ ကန့်ဘလူ ခရိုင်အတွင်း (၂၉) ဧက၊ ကသာခရိုင်အတွင်း (၈၆ဝ) ဧကနှင့် ခန္တီးခရိုင်အတွင်း (၃,၅၂၃)ဧက စုစုပေါင်း (၂၁,၂၃၆)ဧက စိုက်ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.