Connect with us

Agriculture

စိုက်ပျိုးစရိတ် ချေးငွေအတွက် ငွေကျပ် ဘီလီယံ ၅၀၀ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ် ချေးငွေ အတွက် ငွေကျပ် ဘီလီယံ ၅၀၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူရန် ယနေ့မေလ ၂၃ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခဲ့သည်။

ထိုသို့ ချေးယူနိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတထံမှ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ပါဝင် ဆွေးနွေးခြင်း ၊ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်၏ သဘောဆန္ဒ ရယူ၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယခု ချေးယူမည့် ငွေကျပ် ဘီလီယံ ၅၀၀ သည် တောင်သူလယ်သမားများ သက်သာသည့် အတိုးနှုန်းဖြင့် သုံးစွဲခွင့် ရရှိပြီး လယ်ယာ ကဏ္ဍ ထုတ်လုပ်မှုကို တိုးမြှင့်စေနိုင်မည့် အကျိုးရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးမည့် ကျပ် ဘီလီယံ ၅၀၀ ကို ငွေထုတ်ဝေပြီး ဖြည့်ဆည်းပေးရမည် ဖြစ်သဖြင့် ငွေကြေး ဖောင်းပွမှု အပေါ် ဖိအား များစေနိုင်သော်လည်း တောင်သူလယ်သမားများ လက်ဝယ်ကို မှန်ကန် မြန်ဆန်စွာ ရောက်ရှိစေရေးနှင့် သတ်မှတ် သက်တမ်း အတွင်း ပြန်လည် ပေးဆပ်မည် ဆိုပါက ငွေကြေး ဖောင်းပွမှု အပေါ် ဖိအားကို လျော့နည်းစေနိုင်မည် ဖြစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောသည်။
ပြည်ထောင်စု အစိုးရ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေများ ရယူထားရာတွင် ယခု ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ချေးငွေများမှာ ကျပ် ၁၁.၆၆၇ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.