Connect with us

Agriculture

၂၀၂၀ပြည့်နှစ်အတွင်း မိုးစပါးဧကပေါင်း ၁၅ဒသမ၁၄ သန်းစိုက်ပျိုးရန်လျာထား

စပါးစိုက်ပျိုးနေသည့်တောင်သူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မိုးစပါး စိုက်ဧကပေါင်း ၁၅ဒသမ၁၄ သန်းစိုက်ပျိုးရန်လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာကို ဇူလိုင် ၁၁ ရက်တွင် ပြောသည်။

ဒေါက်တာရဲတင့်ထွန်းက “မြန်မာနိုင်ငံ အောက်ပိုင်းမှာ ဇွန်လ မှာမိုးစပါး စစိုက်တယ်။ အထက်မြန်မာပြည်က ဇူလိုင် လကုန် ကနေ သြဂုတ် လ အထိ ပျိုးထောင် စိုက်ပျိုးကြတယ်။ ဇွန်လ ကစပြီးစိုက်တာ ဇွန်လကုန်အထိ မိုးစပါးဧက ၃ဒသမ၅ သိန်း စိုက်ပျိုးပြီးပြီ။’’ဟုပြောသည်။

မိုးစပါးကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက စိုက်ပျိုးကြကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးတွင်  အများဆုံးစိုက်ပျိုးကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်စဉ် မိုးစပါး ဧက  ၃ဒသမ၇ သန်းဝန်းကျင် စိုက်ပျိုးကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဧကပေါင်း  ၂ဒသမ၇ သန်း စိုက်ပျိုးပြီး၊  စစ်ကိုင်း တိုင်းဒေသကြီးတွင် ဧကပေါင်း ၁ဒသမ၈ သန်း စိုက်ပျိုးကြောင်း သိရသည်။

“တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးထုတ်လုပ်တဲ့ အခါ ဈေးကွက်ဝင်တဲ့ သီးနှံတွေ ကို ရွေးချယ်စိုက်ပျိုးဖို့လိုတယ်။ ရာသီဥတု ပြောင်းလဲမှု နဲ့ မိုးရွာသွန်းမှု ပေါ်မူတည်ပြီး ရေရရှိမှုတွေ ကို ပိုပြီးစီမံထားသင့်တယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီးတို့တွင် ပေါ်ဆန်းစိုက်ပျိုးကြကြောင်း၊ နှင့်  ဆင်းသုခစပါး ကိုစိုက်ပျိုးကြကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်  အထက်ပိုင်းတွင် ဧရာမင်း၊ ရွှေဘိုဧရိယာ မှာပေါ်ဆန်း ၊မနောသုခ၊ ဆင်းသုခ တို့ကို လည်း စိုက်ပျိုးကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117