Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်၏အမှတ်အသားဖြစ်ပြီး နေရာဒေသအလိုက် ကာကွယ်ထားသည့် တောင်ဇလပ်ပန်းအားခုတ်ယူပါကဥပဒေအရ အရေးယူသွားမည်

ချင်းပြည်နယ်တွင် ဖူးပွင့်နေသည့် တောင်ဇလပ်ပန်းပင်အားတွေ့ရစဉ် (ဓာတ်ပုံ-- ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ချင်းပြည်နယ်၏အမှတ်အသားဖြစ်ပြီး နေရာဒေသအလိုက်ချင်းပြည်နယ်တွင် ကာကွယ်ထားသည့်အပင်မျိုး စိတ်ဖြစ်သောတောင်ဇလပ်ပန်း ခုတ်ယူခြင်းမရှိစေရေး နှင့် ခုတ်ယူပါက ဥပဒေအရ အရေးယူသွားမည်ဟု သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန (ချင်းပြည်နယ်) မှညွှန်ကြားရေးမှူးဦးကျော်မင်းသိန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ရက်တွင်ပြောသည်။

“တောင်ဇလပ်ပန်းနဲ့ ချယ်ရီပန်းတို့က ချင်းပြည်နယ်ရဲ့ အထိန်းအမှတ်ပန်းတွေဖြစ်တယ်။ ဒါကြောင့် ဒေသခံတွေ တောင်ဇလပ်ပင်တွေကို မခုတ်ဖို့အတွက် ကျွန်တော်တို့ သတိပေးကြေညာချက်ထုတ်ပြန်ထားတာပါ။ အပင်ခုတ်တာတွေ တားဆီးတာအပြင် ကျွန်တော်တို့ဌာန အနေနဲ့ ချယ်ရီပန်းပင်တွေကိုလည်း တိုးချဲ့စိုက်ပျိုးသွားဖို့ရှိတယ်’’ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန (ချင်းပြည်နယ်) က ပြည်နယ်အတွင်းပေါက်ရောက်နေသည့် တောင်ဇလပ်နီ၊ တောင်ဇလပ်ဖြူများအား အမိန့်ကြော်ငြာစာအမှတ်(၁၁၁၆/၂၀၂၀)ဖြင့် နေရာဒေသအလိုက်ချင်းပြည်နယ်တွင် ကာကွယ်ထားသည့်အပင်မျိုး စိတ်ဖြစ်ကြောင်း သတ်မှတ်လိုက်သည့်အတွက် ခုတ်ထွင်းပိုင်းဖြတ်သယ်ဆောင်ခြင်းများပြုလုပ်ပါက ၂၀၁၈ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဉပဒေပုဒ်မ(၃၉၊ ၄၀၊ ၄၁) ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117