Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်အား ၅.၈အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

ငလျင်လှုပ်ရှားမှုတည်နေရာပြမြေပုံအား မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားမှုကိုတွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသ)

ရန်ကုန် ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ၌ ယနေ့ နေ့လည် တစ်နာရီ ၁၇မိနစ်တွင် အင်အားရစ်(ခ်)တာစကေး (၅.၈)အဆင့်ရှိ အင်အားအသင့်တင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

“လောလောဆယ် ပျက်စီးမှု မသိရသေးပါဘူး။ ဒီရက်ပိုင်း ငလျင်ငယ်လှုပ်တာ နဲနဲ စိတ်နေပါတယ်”ဟု မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။ယနေ့ မြန်မာစံတော်ချိန် (၁၃)နာရီ (၁၇)မိနစ် (၁၄)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၂၀၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၁၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၈)အဆင့်ရှိ အင်အားအသင့်တင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117