Connect with us

Environment, Disasters & Accidents

ဖားကန့် မြေစာပုံ အနီး၌ လူနေထိုင်မှုကို တရားဥပဒေ အရ တားမြစ်မည်

ဖားကန့်တွင် မြေစာပုံ ပြိုကျ ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည် ကို နိုဝင်ဘာလ ၂၁ ရက် က တွေ့ရစဉ် (ဓာတ်ပုံ - မြဝတီ )

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဖားကန့် ဒေသတွင် မြေစာပုံ ပြိုကျကာ လူ့အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ် နေသောကြောင့် ယင်းမြေစာပုံ အနီး၌ လူနေထိုင်မှုကို တရားဥပဒေအရ တားမြစ်မည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီး ဌာနထံမှ သိရသည်။

အဆိုပါ မြေစာပုံများ၌ ရေမဆေးကျောက် ရှာဖွေနေသော လုပ်သားများသည် မြေစာပုံ ပြိုကျမှုကြောင့် အသက် အန္တရာယ်ဆုံး ရှုံးမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် နောက်ထပ် အသက် ဆုံးရှုံးမှုများ မဖြစ်စေရန် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်နေကြောင်း သတ္တုတွင်း ဝန်ကြီး ဌာနထံမှ သိရသည်။

ယင်း မြေစာပုံ ပြိုကျမှုကြောင့် နိုဝင်ဘာလ အတွင်း ရေမဆေးကျောက် ရှာဖွေသော လုပ်သား တစ်ရာကျော် အသက် ဆုံးရှုံး ခဲ့ရသည်။

သတ္တုတွင်း ဥပဒေတွင် မြေစာပုံ စွန့်ပစ်နိုင်သည့် အမြင့်ပေ ပမာဏကို ၄၅ ပေ သတ်မှတ်ထား သောကြောင့် ယင်းအမြင့်ပေကို ကျော်လွန်ပါက ဥပဒေ ချိုးဖောက်ရာ ရောက်ပြီး သတ္တုတွင်း ဥပဒေအရ အရေးယူနိုင်သည်။

ဖားကန့်ဒေသ၌ စက်ယန္တရားကြီးများ သုံးပြီး ကျောက်တူူးနေသည့် ကျောက် တူးဖော်ရေး လုပ်ငန်းများက စွန့်ပစ်ထားသည့် မြေစာပုံ ပြိုကျမှုသည် ယခုနှစ်အတွင်း အနည်းဆုံး ၅ ကြိမ်ရှိပြီး ပြိုကျမှု ဖြစ်ပွားတိုင်း လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117