Connect with us

Environment, Disasters & Accidents

မန္တလေး ၊ စစ်ကိုင်း ၊ မကွေး တိုင်းဒေသကြီးများတွင် အင်အားအနည်းငယ် ရှိသော မြေငလျင်များ လှုပ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ အနီး လှုပ်ခတ်ခဲ့သည့် မြေငလျင် အချက်အလက်များအား တွေ့ ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

မန္တလေး ၊ စစ်ကိုင်း ၊ မကွေး တိုင်းဒေသကြီးများ အတွင်း ဇန်နဝါရီ ၂၅ ရက်က အင်အားအနည်းငယ် ရှိသော မြေငလျင်များ အသီးသီး လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှုများ အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး ၃.၂ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုသည် ဇန်နဝါရီ ၂၅ ရက် ၊ မြန်မာစံတော်ချိန် ၂၂ နာရီ ၊ ၅၈ မိနစ်၊ ၅၄ စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့သည်။စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုမှာ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၅၉)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ပြီး ကလေးမြို့အနီးတွင်လည်း အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင် တစ်ခုမှာ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၀၅)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု နှင့် အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၄၃)မိနစ်၊ (၀၃)စက္ကန့် အချိန် နှင့် မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၂၈)မိနစ်၊ (၄၄)စက္ကန့် အချိန် တို့တွင် အသီးသီး လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက “ဘယ် ငလျင် ပြတ်ရွေ့ကြောင့် လှုပ်သွားတယ် ဆိုတာ လေ့လာဖို့ကြတော့ အင်အားက တအား သေးတယ်။ ဖောင်းပြင်မြို့၊ ဂန့်ဂေါ မြို့တို့တင် မကဘူး ။ အိန္ဒိယ-မြန်မာ နယ်စပ် တမူး ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာ အခု ပြန်ကြည့်လို့ရှိရင် တော်တော်များများ လှုပ်တာ များလာတယ်။မနေ့က လှုပ်သွားတာကတော့ ဇောက်တိမ် နဲ့ဇောက်လတ် ငလျင် အမျိုးအစား လှုပ်သွား တယ်လို့ပြောလို့ရပါတယ်။အခု လှုပ်သွားတာတွေက လူနေအိမ်ခြေတွေနဲ့တော့ မနီးပါဘူး။ ထိခိုက် ပျက်စီးမှုလဲ သတင်း မရပါဘူး။”ဟု ဆင်ဟွာသို့ပြောသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117