Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်အတွင်း သုံးလအတွင်း ကျပ်သိန်းပေါင်း ၁၂၅,၇၇၃ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပြ ဇယားအားတွေ့ရစဉ်(သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် မေလ ၂ ရက်မှ သြဂုတ်လ ၁၃ ရက် အတွင်း ကျပ်သိန်းပေါင်း ၁၂၅,၇၇၃ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုမှာ စိတ်ကြွဆေးပြား (၄၁၉၁၄၃၀) ပြား၊ စိတ်ကြွအကြေမှုန့် (ဝ.၀၀၃၅) ကီလို၊ ဆေးခြောက် (၁၃.၇၆၈၀၂) ကီလို စသည့် မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၂၅,၇၇၃ ဒသမ ၇၉၅ သိန်းဖိုးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး အမှုပေါင်း (၉၄)မှု ဖွင့်လှစ် အရေးယူနိုင်ခဲ့ကာ တရားခံ (၁၃၂) ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်များအတွင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အထိ စိတ်ကြွဆေးပြား ၁၁၃၁၄၇၀၁ ပြား၊ စိတ်ကြွ အကြေမှုန့် ၂.၅၉၀၃ ကီလို နှင့် ဆေးခြောက် ဝ.၁၅၄၉ ကီလို တို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း (၈၄) မှု ဖွင့်လှစ် အရေးယူနိုင်ခဲ့ကာ တရားခံ (၁၂၈) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့အထိ စိတ်ကြွ ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ် ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanyl နှင့် အက်ဖီဒရင်း စသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း ၁,၉၆၂,၆၉၉ဒသမ ၇၂၉ သိန်းဖိုး ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ် ဆေးဝါးများနှင့် ပတ်သက်၍ အမှုပေါင်း (၇၂၅)မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ (၁၁၄၃ )ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း စိတ်ကြွ ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanyl နှင့် အက်ဖီဒရင်း စသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁,၈၃၆,၉၂၅ ဒသမ ၉၃၄ သိန်းဖိုး ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၆၃၁ မှုဖွင့်လှစ် အရေးယူနိုင်ခဲ့ကာ တရားခံ ၁,၀၁၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ယခင် သတင်းထုတ် ပြန်ခဲ့ပြီး ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.