Connect with us

Environment, Disasters & Accidents

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်ရောက်ရှိနိုင် ၊ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ ရာခိုင်နှုန်း အနည်းငယ်သာရှိ 

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) 

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်  မုန်တိုင်းငယ် (Depression)အဆင့်သို့ရောက်ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မှာရာခိုင်နှုန်းအားဖြင့် ၁၅ နှင့် ၂၀ ရာခိုင်နှုန်းကြားတွင်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ပြောကြားသည်။

ဦးလှထွန်းက “မုန်တိုင်းက ကျွန်တော့်တို့ဆီ ဖြတ်ဖို့ ရာခိုင်နှုန်း နည်းပေမယ့် ရာခိုင်နှုန်းက အနည်းငယ်ရှိနေတယ်။ မေ၁၅ ရက်မှာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်။ ဒါကြောင့် မုန်တိုင်းကအားကောင်းလာမယ် ဆိုရင် မေ၁၅ရက်၊ ၁၆ ရက် မှာ အားကောင်းပြီး အပေါ်တက်လာရင် မြန်မာ့ကမ်းရိုးတန်း၊ ကမ်းနီး၊ ကမ်းဝေး ပင်လယ်တွေ မှာ လှိုင်းတွေ ထန်လာနိုင်တယ်။ မေ ၁၆ ရက် က စပြီး သတိပြုဖို့ လိုပါမယ်။ မုန်တိုင်းသတင်းကို အမြဲနားထောင် ဖို့ လိုပါတယ်’’ ဟုပြောသည်။

မုန်တိုင်းငယ် ဖြစ်သည့် အချိန်မှ စ၍ မိုးဇလ အနေဖြင့် မုန်တိုင်းသတင်းများအား အဆက်မပြတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းဘက် မုန်တိုင်းဖြတ်သန်းရန် ရှိပါက  လိမ္မော်ရောင်အဆင့် ဟူ၍ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဦးတွင် အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ မေ၁၇ ရက်နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျားနိုင်သည်ဟုမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ခန့်မှန်းချက် ထုတ်ပြန်ထားသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.