Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေသည် သုံးရက်အတွင်း ဇလွန်မြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနေနိုင်ဟုထုတ်ပြန်

မြစ်ရေတိုင်းတာမှုပြဇယားကွက်အားတွေ့ရစဉ်(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သုံးရက်အတွင်း ဇလွန်မြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနေနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန် ချက်အရ သိရသည်။

လက်ရှိ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေ ကြောင်း၊ စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ဇလွန်မြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူ များအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117