Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှုကြောင့် လူ ၈၀ ကျော် ပျောက်ဆုံးနေ

ဖားကန့်မြို့နယ် မနမှော်အတွင်း ဒီဇင်ဘာ ၁၉ ရက်က ပြိုကျခဲ့သော မြေစာပုံ၌ ကယ်ဆယ်ရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- ဖားကန့်ဒေသခံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာအပိုင် သာယာကုန်းကျေးရွာအနီးရှိ ရေမဆေးကျောက်ရှာဖွေရေးလုပ်ကိုင်နေသော မြေစာပုံတစ်ခုသည် ယနေ့ နံနက် အစောပိုင်းတွင် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၈၀ ကျော် ပျောက်ဆုံးနေကြောင်း ဝေါခါကျေးရွာအုပ်ချုပ်ရေးမှူးရုံး တာဝန်ခံ ဦးကျော်မင်းက ဆင်ဟွာသို့ ပြောသည်။

ဖားကန့်မြို့နယ် မနမှော်အတွင်း ဒီဇင်ဘာ ၁၉ ရက်က ပြိုကျခဲ့သော မြေစာပုံ၌ ကယ်ဆယ်ရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- ဖားကန့်ဒေသခံ)

“ပြိုကျတာ ကျွန်တော်တို့ဘက်တော့ မဟုတ်ဘူး၊ ၈၀ကျော် ၁၀၀နီးနီးပျောက်ဆုံးနေတယ်လို့ အဲဒီနားမှာ အလုပ်လုပ်ကိုင်သူတွေဆီက သိရတယ်၊ ကယ်ဆယ်ရေးခုလုပ်နေပြီ၊ တစ်နေ့က(ဒီဇင်ဘာ ၁၉ရက်) တစ်ခါပြိုကျသေးတယ်၊ အဲတုံးကတော့ အလောင်း ၄လောင်းပဲ ပြန်ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြေစာပုံသည် ယနေ့ နံနက် ၄နာရီဝန်းကျင်က ပြိုကျမှုဖြစ်ပွားခဲ့ပြီး အနီးအနားဈေးရောင်းနေသူများ နှင့် ရေမဆေးကျောက်ရှာဖွေသူ ခန့်မှန်းခြေ ၁၀၀နီးပါး ပျောက်ဆုံးနေကြောင်း ၊ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေကြောင်း ဖားကန့်နယ်မြေစခန်းမှ စုံစမ်းသိရှိရသည်။

” မျက်မြင်သက်သေတွေကတော့ ၈၀ရှိတယ်၊ ၁၀၀ရှိတယ် ပြောကျတာပေါ့၊ ရေမဆေးကျောက်ရှာဖွေသူတွေက စာရင်းအတိအကျ ရှိကျတာမဟုတ်ဘူး၊ ဈေးသည်တွေကလည်း ပျံကျများတယ်၊ တကယ့်တကယ်ဖြစ်ရင် ဘယ်သူဘယ်ဝါမှန်းမသိတော့ဘူး၊ တခါခါလည်း ပြိုကျလို့ လွတ်တာရှိသလို၊ ပြန်ရှာမရတဲ့လူတွေလည်းရှိတယ်”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ယင်းမြေစာပုံပြိုကျသည့်နေရာ၌ လတ်တလောတွင် ပရဟိအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117