Connect with us

Environment, Disasters & Accidents

ကုန်တင် စက်လှေ ၂ စင်း ပင်လယ်ဝ၌ နစ်မြုပ်ခဲ့ပြီး ယခုချိန်ထိ စက်လှေ ၁ စင်း ပျောက်ဆုံးနေ

ရန်ကုန် နန်းသီတာ ဆိပ်ကမ်းသို့ပြန်လည် ရောက်ရှိလာသော နစ်မြုပ် စက်လှေများမှ ခရီးသည်များနှင့် တာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

မြိတ်-ရန်ကုန် ပြေးဆွဲသော ပုဂ္ဂလိကပိုင် ကုန်တင် စက်လှေ ၂ စင်းသည် ပင်လယ်ဝ၌ ကျောက်ဆောင်နှင့် တိုက်မိ၍ နစ်မြုပ်ခဲ့ရာ စက်လှေ ၁ စင်းမှာ ယခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး လူအသေအပျောက် မရှိခဲ့ကြောင်း ဆိပ်ကမ်း တာဝန်ရှိသူများ ထံမှ သိရသည်။

ကုန်တင် စက်လှေ ၂ စင်းသည် ယမန်နေ့သြဂုတ် ၂၂ ရက် ၊ ညပိုင်း အချိန်တွင် ပင်လယ်၀ သို့ ရောက်ရှိချိန်တွင် ရေကြောင်းပြ ဘော်ယာ မီးတိုင် မီးပြတ်နေချိန်တွင် ရေကြောင်းမှား၍ ကျောက်ဆောင်နှင့် ဝင်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး စက်လှေ ၂ စင်းလုံး တစ်ပြိုင်နက် နစ်မြုပ်ခဲ့ကြောင်း စက်လှေ တာဝန်ရှိသူများထံမှ သိရသည်။

ထိုကုန်တင် စက်လှေ ၂ စင်းတွင် လိုက်ပါလာသည့် စုစုပေါင်း လူ ၃၀ အား ထိုည၌ပင် ညတွင်းချင်း ကင်းလှည့် ရေယာဉ် အမှတ် ၃၃၁ ဖြင့် လိုက်လံ ရှာဖွေ ကယ်ဆယ်ခဲ့ရာ လူအသေအပျောက် မရှိခဲ့ကြောင်း သိရသည်။ကုန်တင် စက်လှေ ၂ စင်း နစ်မြုပ်မှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်လှေ ၁ စင်းသာ ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ပြီး စက်လှေ ၁ စင်းမှာ ယခုချိန်ထိ မတွေ့ရှိရသေးကြောင်း သိရသည်။(Xinhua)