Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးရှိဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အပျက်အစီးပုံများအား ရှင်းလင်းဆောင်ရွက်စဉ်(မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၁၈ ရက် ည ၇နာရီကျော်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ ကားများနှင့် ဓာတ်တိုင်များ အပျက်အစီးဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“လူထိခိုက်မှုမရှိပါဘူး၊ အိမ်ပေါ်သစ်ပင်ပိတယ်၊ ဓာတ်တိုင်တွေ လဲတယ်၊ ကားတွေပေါ် ပိတယ်၊ ဓာတ်တိုင်တွေလဲတော့ လျှပ်စစ်မီးပြတ်တောက်မှုတွေရှိတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အပျက်အစီးပုံများအား ရှင်းလင်းဆောင်ရွက်စဉ်(မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အပျက်အစီးပုံများအား ရှင်းလင်းဆောင်ရွက်စဉ်(မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် လူနေအိမ်များပေါ်သို့ သစ်ပင်များလဲကျခြင်း၊ ဓါတ်တိုင်များ လဲကျခြင်းနှင့် လမ်းပိတ်ဆို့နေမှုများလည်းဖြစ်ပွားခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၉၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၆၀)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

” ဒီမနက်(ဧပြီ ၁၉ရက်)ထိ မိုးရွာပြီး လေတိုက်နေတုံး၊ အိမ်မှာတော့ ပြတင်းပေါက်မုန်တွေကွဲ ပန်းအိုးတွေကွဲတာလောက်ပဲဖြစ်တယ်” ဟု မန္တလေးမြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။(Xinhua)

#မန္တလေးတိုင်းဒေသကြီး,#လေပြင်းတိုက်ခိုက်မှု