Connect with us

Environment, Disasters & Accidents

မိုးရွာသွန်းမှုကြောင့် အလောင်းတော်ကဿပ ကပိုင်-သပိတ်ဆေး ဘုရားဖူးလမ်း လမ်းချော်

အလောင်းတော်ကဿပသို့ သွားရာလမ်းအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်အတွင်းတည်ရှိသော အလောင်းတော်ကဿပ စံကျောင်းနှင့်ရုပ်ကလပ်တော်တည်ရှိရာသို့ သွားလာ နိုင်သော ကပိုင်-သပိတ်ဆေးဘုရားဖူးလမ်းသည် ယနေ့နံနက်ပိုင်းတွင် လမ်းချော်မှုဖြစ်ပွားလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါလမ်း၏ (၁၆)မိုင်မှာရှိသည့် ချောင်းမကြီးချောင်းအတက်၌ ကားများလမ်းချော်နေပြီး ကျန်သည့် နေရာများတွင် အဆင်ပြေစွာ သွားလာနိုင်ကြောင်း၊ လမ်းပိတ်မှုမဖြစ်စေရန်အတွက် အတက်ကားများကို (၉)မိုင်စခန်းတွင် တားထားကြောင်း၊ မိုးဆက်ရွာရင် လမ်းပျက်နိုင်သည့် အနေအထားရှိပြီး မိုးဆက်မရွာလျှင် အဆင်ပြေစွာ သွားနိုင်ကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောသည်။

“တောင်ပေါ်ကဆင်းလာတဲ့ ကားတွေကတော့ လမ်းချော်တယ်လို့ပြောတယ်၊ လမ်းချောက် အောင် စောင့်နေရတယ်” ဟု ၎င်းကဆိုသည်။အလောင်းတော်ကဿပစံကျောင်းနှင့် ရုပ်ကလပ်တော်တည်ရှိရာသို့ သွားလာနိုင်သော ကပိုင်-သပိတ်ဆေးလမ်းအား ဇန်နဝါရီလ(၃)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များလာရောက်လျက်ရှိရာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် လမ်းချော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.