Connect with us

Environment, Disasters & Accidents

ဧရာဝတီ တိုင်းဒေသကြီးရှိ ရေနစ်မြုပ်မှု ဒဏ်ခံခဲ့ရသည့် ကျောင်းများကို ကျပ်သန်း ၈၀၀ ကျော် အကုန် အကျခံ၍ ပြန်လည် တည်ဆောက်မည်

ဧရာဝတီ တိုင်းဒေသကြီးရှိ ရေနစ်မြုပ်နေသော ကျောင်းတစ်ကျောင်း အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီးရှိ ရေနစ်မြုပ်မှု ဒဏ်ခံခဲ့ရသည့် အခြေခံပညာ ကျောင်းများကို ငွေကျပ် ၈၂၃ . ၂၂ သန်း အကုန်ကျခံ၍ အသစ် တည်ဆောက်ခြင်းနှင့် ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ် နေကြောင်း ဧရာဝတီ တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန ၊ တိုင်းပညာ ရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

ရေနစ်မြုပ်ခဲ့ သည့် ကျောင်းပေါင်း ၅၄၆ ကျောင်း အနက်မှ ပိုမိုလိုအပ်သည့် ၁၃၆ ကျောင်းကို အသစ် တည်ဆောက်ခြင်းနှင့် ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ သတင်း ထုတ်ပြန်သည်။

ပြန်လည် ပြုပြင်ခြင်း အသစ်ဆောက် လုပ်ခြင်းများ ပြုလုပ်မည့် ကျောင်းများတွင် ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြခရိုင် တို့အတွင်းရှိ ကျောင်းများ ပါဝင်ပြီး ပြန်လည် ပြုပြင်ရန် ကျောင်း ၁၁ဝ နှင့် အသစ် ပြန်လည် တည်ဆောက်ရန် ၂၆ ကျောင်းရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန ၊ တိုင်းပညာရေးမှူး ရုံးမှ တာဝန်ရှိသူက ဆိုသည်။

ဧရာဝတီ တိုင်းဒေသကြီး အတွင်း၌ သြဂုတ်လ ပထမပတ်တွင် ဧရာဝတီ နှင့် ငဝန်မြစ်ရေ မြင့်တက်ခဲ့မှုကြောင့် လူနေအိမ်များနှင့် အခြေခံပညာ ကျောင်းများ ရေနစ်မြုပ်မှု ဖြစ်ပွား ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117