Connect with us

Politics, Law & Military

တပ်မတော်လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် တပ်မတော်သား ၅ ဦး၏ ဈာပန အခမ်းအနားအား ယနေ့ပြုလုပ်

တပ်မတော်လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် တပ်မတော်သား ၅ ဦး၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ-တပ်မတော်လေ)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

တပ်မတော် (လေ) မှ လေယာဉ် ပျက်ကျရာတွင် သေဆုံးသွားခဲ့သည့် တပ်မတော်သား ၅ ဦး၏ ဈာပန အခမ်းအနားအား နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် မြောက်ချောင်းကျေးရွာရှိ တပ်မတော် စစ်သချုႋင်း၌ ယနေ့ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တပ်မတော် (လေ) မှ BEECH-1900 D အမျိုးအစား အလတ်စား သယ်ယူ ပို့ဆောင်ရေး လေယာဉ် တစ်စီးသည် ပုံမှန် Flight Check ဆောင်ရွက်ရန် နေပြည်တော် လေဆိပ်မှ အတက် လေထဲတွင် စက်ချို့ယွင်း၍ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဗိုလ်မှူး အောင်ကျော်မိုး (၃၈) နှစ် ၊ ဗိုလ်ကြီး ထင်ကျော်စိုး(၂၇) နှစ်၊ ဗိုလ်ကြီး အောင်ပိုင်စိုး (၂၇) နှစ်၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေး (၅၁) နှစ် တို့သည် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး ဒုတပ်ကြပ် လှဝင်းထွန်း (၂၇) နှစ်သည် နေပြည်တော် တပ်မတော် ဆေးရုံကြီး၌ ဆေးကုသမှု ခံယူစဉ် ရရှိဒဏ်ရာဖြင့် သေဆုံး သွားခဲ့သည်။

တပ်မတော်လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် တပ်မတော်သား ၅ ဦး၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ-တပ်မတော်လေ)

တပ်မတော်လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် တပ်မတော်သား ၅ ဦး၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ-တပ်မတော်လေ)

တပ်မတော်လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် တပ်မတော်သား ၅ ဦး၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ-တပ်မတော်လေ)

ထိုလေယာဉ် ပျက်ကျခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ကျန်ရှိသည့် လေယာဉ် အစိတ်အပိုင်းများမှ ရရှိသော လေယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် Cockpit Voice Recorder (CVR)နှင့် Flight Data Recorder (FDR) တို့မှ တစ်ဆင့် စုံစမ်း ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)