Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မြောက်ပိုင်း ဟိုပင်မြို့၏ အနောက်မြောက် (၂၂) မိုင်ခန့်အကွာတွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်

အင်းတော်ကြီးကန်အနီး ကျေးရွာတစ်ခုအား ငလျင်လှုပ်ရှားမှု ဖြစ်ပွါးပြီးနောက် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟိုပင်မြို့ အနောက်မြောက်ဘက် ၂၂ မိုင်အကွာတွင် ရစ်ခ်ျတာစကေး ၅.၉ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ယနေ့ မေ ၃၁ ရက်တွင် ပြောသည်။ဟိုပင်မြို့၏ အနောက်မြောက် (၂၂) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၅.၁၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၂) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ငလျင်ကြောင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် အင်းတော်ကြီးကန်အနီး ကျေးရွာများတွင်လည်း အဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဒေါက်တာယဉ်မျိုးမင်းထွေးက “တိုင်းတာချက်များအပေါ် အခြေခံပြီး ငလျင်ဗဟိုချက်နေရာ အနီးပတ်ဝန်းကျင်က ကျေးရွာတွေနဲ့ နီးပြီး လူဦးရေကျဲပါးတဲ့နေရာတွေမှာ လှုပ်ခဲ့တာပါ။ ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ စာရင်းအတိအကျ မသိရသေးဘူး’’ ဟု ပြောသည်။

ကချင်ပြည်နယ်၊ အင်းတော်ကြီးကန်အနီး ကျေးရွာတစ်ခုတွင် နေထိုင်သူတစ်ဦးက ငလျင်လှုပ်ရှားမှုနှင့် ပတ်သက်၍ “ဘဝမှာ ဒီတစ်ခါ အကြမ်းဆုံးပဲ။ လူတော့မထိခိုက်ဘူး။ ဟိုပင်ဘက်မှာ သိပ်မကြမ်းဘူးလို့ကြားတယ်’’ ဟု ဆင်ဟွာသို့ ပြောသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.