Connect with us

Environment, Disasters & Accidents

တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်၌ ဝါယာရှော့ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများရှိ


ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တာမွေမြို့နယ် အတွင်းရှိ Sky Star ဟိုတယ်၌ ယနေ့အောက်တိုဘာ ၁၂ ရက် ၊ နေ့လည်ပိုင်း အချိန်တွင် ဝါယာရှော့ကြောင့် ၁ နာရီကြာ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ထိခိုက် ဒဏ်ရာ ရရှိသူများ ရှိကြောင်း သတင်းရရှိသည်။

ဝါယာရှော့ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ၁ ဦးမှာ မီးခိုးမွှန်ခြင်းသာ ရှိခဲ့ကြောင်း သိရသည်။

Sky Star ဟိုတယ် မီးလောင်မှုအား မီးသတ် တာဝန်ရှိသူများမှ ကယ်ဆယ် ငြိမ်းသတ်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

imgaes//mm/2016/10/12q4.jpg

Sky Star ဟိုတယ်၌ ယနေ့နေ့လည် ၂ နာရီ ၅၀ မိနစ် အချိန်တွင် ဝါယာရှော့ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်ရာသို့ တာဝန်ရှိသူများနှင့် မီးသတ် ယာဉ်များမှ Leval 2 ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၃ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.