Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့နယ်တွင် စိတ်ပြောင်းဆေးဝါး (ကက်တမင်း) ၁၂၇ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါး (ကက်တမင်း)များ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့နယ်တွင် စိတ်ပြောင်းဆေးဝါး (ကက်တမင်း) ၁၂၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ ဇူလိုင် ၇ ရက်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျပ်ငွေ ၁ ဘီလီယံကျော်တန်ဖိုးရှိသော ထိုစိတ်ပြောင်းဆေးဝါး (ကက်တမင်း)များအား မော်တော်ယာဉ်တစ်စီးပေါ်မှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းမှုများအရ အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ပြောင်းဆေးဝါး (ကက်တမင်း)များအား ပန်ဆန်းမှ တာချီလိတ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ သံသယရှိသူများ အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)