Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကမ်းကပ်ထားသော သင်္ဘောမီးလောင်မှုဖြစ်ပွားကာ လူ ၂ ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသောသင်္ဘောတစ်စီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသည့်သင်္ဘောတစ်စီးသည် နိုဝင်ဘာ ၁၉ ရက်နေ့လည်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ၂ ဦးသေဆုံးကာ အခြားလူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနောင် နာရေး/ရှင်ရေး လူမှုကူညီရေးအသင်း (အင်းစိန်) မှ တာဝန်ရှိသူ ဦးသူရိန်ထွန်းက ဆင်ဟွာသို့ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသောသင်္ဘောတစ်စီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသောသင်္ဘောတစ်စီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ဦးသူရိန်ထွန်းက “ကျွန်တော်တို့ဆီကို သင်္ဘောတစ်စီးမီးလောင်တယ်လို့သတင်းရတော့ ကျွန်တော်တို့တွေ မီးသတ်ကားတွေနဲ့ သွားကြပါတယ်။ ဟိုရောက်တော့ ဒဏ်ရာရတဲ့သူ ၃ ဦးကို အင်းစိန်တွဲလက်အသင်း ကနေ အင်းစိန်ဆေးရုံကို သယ်သွားတယ်။ ဒဏ်ရာရတဲ့သူ ၃ ဦးမှာ ၁ဦးကတော့ တော်တော်ဒဏ်ရာပြင်းတယ်။ မျက်နှာအရေပြားတွေ မီးတွေလောင်ထားတယ်။ ဒဏ်ရာရရှိသူ ၃ ဦးလုံးက အမျိုးသားတွေဖြစ်ပါတယ်” ဟု နိုဝင်ဘာ ၁၉ ရက်တွင်ပြောသည်။

အဆိုပါ သင်္ဘောမီးလောင်မှုအား အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး နေ့လည် ၁၂:၃၀ နာရီ တွင်မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့သည်။

“နောက် မီးခိုးတွေဘာတွေငြိမ်းသွားတဲ့အချိန် ဆီလှောင်ကန်ထဲမှာ သေဆုံးသူရုပ်အလောင်း ၂ လောင်း ကိုတွေ့ရတယ်။ တစ်လောင်းက အမျိုးသားအလောင်းတစ်လောင်းဖြစ်တယ်။ နောက်တစ်လောင်းကတော့ မီးလောင်ပေါက်ကွဲမှုကြောင့် ကျား၊ မ ခွဲခြားလို့မရပါဘူး။ အဲဒီသေဆုံး ရုပ်အလောင်း ၂ ခုကိုတော့ ကျွန်တော်တို့ အသင်းကနေ အင်းစိန်ဆေးရုံကြီးကို သယ်ဆောင်ပို့ပေးခဲ့ပါတယ်” ဟု ဦးသူရိန်ထွန်းက ပြောသည်။
အဆိုပါ သင်္ဘောမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူရှိကြောင်း အရေအတွက်ကို စိစစ်ဆဲဖြစ်ကြောင်း အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဖြေကြားခဲ့သည်။
“အဓိကက ဆီလှောင်ကန်ကို ဝရိန်တို့ရင်းနဲ့ ဆီလှောင်ကန်ပေါက်ကွဲသွားတာပေါ့။ သင်္ဘောကတော့ ဘိလပ်မြေတင်တဲ့ ၂ ထပ်ခွဲသင်္ဘောပါ။ လာကူညီတဲ့ လူမှုကူညီရေးအသင်းတွေက ၁၅ သင်းလောက်ရှိပါတယ်” ဟု ဦးသူရိန်ထွန်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.