ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကုန်းခလာ ကျေးရွာအုပ်စု ရေခလာကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၈ အိမ်နှင့် သစ်ပင်ကြီးငယ်များ၊ စာသင်ကျောင်း ခြံစည်းရိုးနှင့် မုဒ်ဦးပေ ၁၀၀ ခန့် ပြိုလဲခဲ့ကြောင်း အဆိုပါ မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ ခုနစ်ရွာ၌ ရေတိုက်စား ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခန့်မှန်း ကုန်ကျငွေကျပ် သန်းပေါင်း ၃,၆၅၈.၅ဝ ကို ပြည်ထောင်စု အစိုးရထံ သီးသန့် ရန်ပုံငွေ...
ရန်ကုန် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်နှင့် အချို့ကျေးရွာများတွင် ၃ ရက် ဆက်တိုက် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ဇူလိုင်လ ၅ ရက် နံနက်ပိုင်းမှစ၍ ရမ်းချောင်း မြစ်ရေ ရေကြီး ရေလျှံဖြစ်ကာ မြစ်ကမ်းပါး တစ်လျှောက် နေထိုင်သော...
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ရန်ကုန် တိုင်းဒေသကြီး၌ ၆ လ အတွင်း အမှုကြီး ၂၂၄ မှု ဖြစ်ပွားပြီး ယင်းအမှုများထဲတွင် မုဒိမ်းမှု အများဆုံး ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) လူတစ်ဦးချင်းစီ၏ ဆန်စားသုံးမှု ကောက်ယူမှု စစ်တမ်းအရ မြန်မာ တစ်နိုင်ငံလုံး အနေဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ရှစ်သန်း စားသုံးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တို့ ပူးပေါင်း ကောက်ယူသည့် စစ်တမ်းအရ...
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီးသူများနှင့် ဘွဲ့ကြို ကျောင်းသားများ အတွက် လိုအပ်မည့် ပညာပေး အစီအစဉ်များကို work.com.mm အလုပ်အကိုင် ရှာဖွေရေး website မှ ပညာရေး အတိုင်ပင်ခံ ဝန်ဆောင်မှု သင်တန်းများနှင့် ပူးပေါင်းကာ အခမဲ့ပို့ချ ပေးသွားမည်...
နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် (frame work) များကို မူလ လျာထားသည့် ဇူလိုင်လအတွင်း မသတ်မှတ်နိုင်ဘဲ သြဂုတ်လဆန်းရက်များရောက်မှ သတ်မှတ်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု...
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) နိုင်ငံတကာ ကျောင်းများမှ အခြေခံပညာ ကျောင်းများသို့ ကူးပြောင်း တက်ရောက်ခွင့် အတွက် Placement Test ကိုနှစ်စဉ် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ကျွမ်းကျင်လုပ်သား ရှားပါးနေမှုကို နည်းပညာနှင့် သက်မွေးပညာရပ် ဥပဒေ ပြဌာန်း၍ ဖြေရှင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝ,ဝဝဝ ကျော် ရှိလာသည် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။